Pages

Hide Ip Easy

Hide ip easy ဆိုတာကတော့ မိမိ အင်တာနက်အသုံးပြုတဲ့ နိုင်ငံကို မည်သူမှမသိရှီစေရန် ဖုန်းကွယ်ပေးထားသော PC Software လေးဖြစ်ပါတယ်။ အခြားတစ်ဖက် မှ မိမိ Ip ကိုကြည့်လျှင် Fake Country ကိုသာ တွေ့ရှီနိုင်မည်ဖြစ်ပါသည်။ Fake Country ကိုဖော်ပြရာတွေင်လဲ မိမိ နှစ်သက်ရာ နိုင်ငံကိုရွေးချယ်ထားနိုင်ပါသည်။ လိုအပ်ပါက ဒီမှာဒေါင်းယူ ပါ။

Ios7.0.6 ကို Evasi0n အသုံးပြုပြီး Jailbreak ပြုလုပ်ခြင်း

ServerOSVersionLink
box.comMac OS X1.0.5SHA1: a81a7128113a7610371a2f9f99933a1dbd153c42
box.comWindows1.0.5SHA1: 5e09dfac4b4a0361492961109da72f6f18020d59

ပြီးလျှင် မိမိရဲ့ iPhone/Pad/Pod touch ကိုကွန်ပျူတာနဲ့ချိတ်ဆက်ထားပါ။ ပြီးလျှင်အပေါ်မှာ download ရယူခဲ့တဲ့ Evasi0n 7 Jailbreak Tool ဇစ်ဖိုင်ကို ဇစ်ဖြည်ပြီးအထဲက evasi0n 7 exe ဖိုင်ကို run လိုက်ပါ။ အောက်ကပုံအတိုင်းပေါ်လာပါမယ်။

Jailbreak ခလုတ်ကိုနှိပ်လိုက်ပါ။



Device ထဲသို့ Jailbreak data များစတင်ပို့ဆောင်နေပြီး Jailbreak Process စတင်ပါလိမ့်မယ်။


ခဏအကြာမှာအောက်ပါပုံထဲကအတိုင်း မိမိရဲ့ iPhone/Pad/Pod touch ထဲက evasi0n icon ကိုနှိပ်ဖို့ပြောပါလိမ့်မယ်။


မိမိရဲ့ device ထဲမှာပေါ်နေတဲ့ evasi0n icon ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။



iPhone/Pad/Pod touch က reboot ကျသွားပြီး ပြန်တက်လာပြီဆိုရင်တော့ iDevice ရဲ့ home screen ပေါ်မှာ Cydia icon လေးကိုတွေ့ရပါမယ်။



ဒါဆိုရင်တော့ iOS 7 တင်ထားတဲ့ iPhone/Pad/Pod touch ကိုအောင်မြင်စွာ Jailbreak လုပ်နိင်ပြီဖြစ်ပါတယ်။

Samsung Galaxy S3(GTI9300) သမားများအတွက် Galaxy S5 Mini Rom

Samsung Galaxy S3(GTI9300) သမားများအတွက် galaxy s5 mini rom လေးလန်းတာကြောင့်တင်ပေးလိုက်ပါတယ်။ဖုန်းရဲ့ UI တစ်ခုလုံး Samsung Galaxy S5 ဒီဇိုင်းလိုမျိုးလေးဖြစ်သွားပါလိမ့်မယ်။Android version 4.3 ဖြစ်ပါတယ်။မိမိဖုန်း Root,CWM ရှိရပါမယ်။အောက်မှာ Screehshots များကိုကြည့်ရှုပြီး ကြိုက်ရင်အသုံးပြုနိုင်ပါပြီ။

Samsung Galaxy S5 ကို ကြိုတင်မှာယူနိုင်ပြီ

AT&T, US Cellular, T-Mobile နှင့် RadioShack တို့က Samsung Galaxy S5 ၏ ဈေးနှုန်း နှင့် ရောင်းချမည့်ရက် ကို ကြေညာလိုက်ပါသည်။ Samsung Galaxy S5 ကို ဧပြီလ (၁၁) ရက်နေ့တွင် တစ်ကမ္ဘာလုံးတွင် ရောင်းချပေးမည်ဖြစ်ပါသည်။
AT&T နှင့် US Cellular တို့က Samsung Galaxy S5 ကို နှစ်နှစ်စာချုပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ကနဦးပေးသွင်းရမည့် တန်ဖိုးမှာ ဒေါ်လာ နှစ်ရာ ဖြစ်ပါသည်။ T-Mobile က Samsung Galaxy S5 ကို တစ်လလျှင် ဒေါ်လာ (၂၇.၅၀) နှုန်း ဖြင့် နှစ်နှစ်ပေးသွင်းနိုင်သည့် အစီအစဉ် ကို ပြုလုပ်ပေးထားပါသည်။
AT&T က Samsung Galaxy S5 ကို ၀ယ်ယူနိုင်မည့် Plan များစွာပြုလုပ်ပေးထားပြီး စာချုပ်အလွတ်ဝယ်ယူလျှင် ဒေါ်လာ (၆၅၀) သတ်မှတ်ထားပါသည်။ AT&T က (၁၈)လ နှင့် (၁၂)လ အရစ်ကျပေးသွင်းနိုင်သည့် အစီအစဉ် ကို ပြုလုပ်ပေးထားပြီး တစ်လလျှင် ဒေါ်လာ (၂၅) နှင့် ဒေါ်လာ (၃၂.၅) အသီးသီးပေးသွင်းရမည်ဖြစ်သည်။
AT&T နှင့် US Cellular တို့မှ Samsung Galaxy S5 အဖြူရောင် နှင့် အနက်ရောင် ကို မတ်လ(၂၁)ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ T-Mobile မှ Samsung Galaxy S5 ကို မတ်လ(၂၄) ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ Carriers အားလုံး က Samsung Galaxy S5 ကို ဧပြီလ အစောပိုင်း တွင် ပို့ဆောင်ပေးမည်ဖြစ်သည်။ RadioShack မှ ၀ယ်ယူမည်ဆိုလျှင် ဒေါ်လာ ငါးဆယ်တန် ကူပွန် ကို ရရှိမည်ဖြစ်သည်။
Ref:Myanmar Digital Life Journal  မှာယူသောဖုန်းများကို email mgaungaung9@gmail.com သို့ပေးပို့နိုင်ပါသည်။

Huawei C8813 မှာ ၁၅၀၀ MEC SIM Card မသိတော့တဲ့ Error ဖြေရှင်းနည်း






ကျွန်တော်တို့ Huawei C8813 မှာ firmware update လုပ်မိလို့ Build Number မြင့်သွားရင် 1500 တန် MEC Sim Card ကို မသိတော့ပါဘူး။ Build Number က B175 ဖြစ်သွားရင် အများဆုံးဖြစ်တတ်ပါတယ်။ အဲဒီလိုဖြစ်သွားရင် Build Number B169 ကို downgrade ပြန်ဆင်းရပါတယ်။ ပုံမှန် B169 dload file နဲ့ downgrade ပြန်ဆင်းလို့မရပါဘူး။

အောက်ကဖိုင်လေးကို ဒေါင်းပါ။
ရလာတာကို ဖြည်ချပေးပါ။ အထဲက UPDATE.APP ကို dload ဆိုတဲ့ folder ထဲ ထည့်ပြီး micro sd card ထဲကူးထည့်ပါ။ ပုံမှန် Huawei firmware တင်သလို Volume -,+,power ခလုတ်သုံးခုနှိပ်ပြီး တင်လိုက်ပါ။
ကဲ...ပြီးရင်တော့ Huawei C8813 B169 firmware လေးကို ဒေါင်းပြီး အထဲက dload လေးနဲ့ firmware downgrade လုပ်လို့ရပါပြီ။ အားလုံးပြီးလို့ Build Number B169 နဲ့ firmware တက်လာရင် 1500 MEC Sim Card ကို သုံးလို့ရပါပြီ ခင်ဗျာ။



downgrade ဆင်းနိုင်ဖို့အတွက် အောက်ကဖိုင်လေးကို ဒေါင်းပါ။

C8813 B169 firmware ကိုတော့ အောက်မှာဒေါင်းပါ။
Credit to: myanmarmobileappstore/mm-mpxteam.net နှင့် Credit ပေးထိုက်သူအားလုံးကို Credit ပေးပါတယ်ခင်ဗျာ။ naymyokyaw မှတဆင့်တင်ပြထားပါတယ်။

Android Os ကို Window ပေါ်မှာRoot လုပ်၊မြန်မာ ဖောင့် ထည့်ပြီးသုံးမယ်။ (Android for Windows 2 0 - Genial78 )


မိုက်တယ်နော် Android OS ကို Window မှာတင်ပြီးသုံးတာတော့အားလုံးလိုသိကြပြီးသားပါ။
Root လုပ်ပြီး Myanmar Font ထဲ့မယ်ဗျာ..။ဒါဆိုပိုအဆင်ပြေသွားတာပေါ့။ဒီနည်းက Window 7/8
မှာပဲသုံးလို့ရတယ်။Xp မှာတော့မရဘူးနော်။ဘာလို့လဲဆိုတာတော့မသိပါ။အရင်ဆုံးလိုအပ်တဲ့ဆော့ဝဲတွေ
ဒေါင်းလိုက်ပါ။ဆိုဒ်ကတော့ဒီနိုင်ငံအတွက်ဆိုနည်းနည်းကြီးတယ်ဗျ လိုချင်တော့လဲဒေါင်းရတာပေါ့ဗျာ...။
ကဲရပြီဆိုရင် ဒီနေရာ ကိုသွားလိုက်နော်။ရောက်ရင်အောက်ကအတိုင်းဒေါင်းလိုက်ပါ။
ဒေါင်းပြီးလို့ ZIP ဖြေလိုက်ရင် Android for Windows 2 0 - Genial78
                                     HD-Setup 
                                     SD-Setup
                                     Tools ဆိုပြီး ရလာပါမယ်။
HD-Setup ထဲက BlueStacks_HD_AppPlayerPro_setup_0.7.8.829_REL.msi ကိုအရင် install လုပ်ပါ(ပွင့်လာတဲ့BlueStacks ကိုပိတ်လိုက်ပါ )။ပြီးရင် အသုံးပြု နေတဲ့ Software တွေအားလုံးပိတ်ပါ။ 
Task Manager ထဲက Process ကနေကြည့်ပြီး RUN နေတဲ့ Software တွေကို End Task လုပ်လိုက်ပေါ့
ဘာလို့လဲဆိုတော့ နောက်ထဲ့မဲ့ AW20HD-js99912-addon.exe က Software တွေ Run နေရင် install လုပ်လို့မရလို့ပါ။ကဲ Software တွေပိတ်ပြီးရင် AW20HD-js99912-addon.exe  ကို install လုပ်ပါ။
အားလုံး install လုပ်ပြီးရင် မဖွင့်ပါနဲ့။
Tools ထဲက copyimgs-win8.cmd ကို run လိုက်ဗျာ။ ကဲပြီးပါပြီ ဖွင့်လိုက်တာနဲ့ အထက်ကအတိုင်း
Root ဖေါက်ပြီးသား လေးရပြီပေါ့ဗျာ။ကြိုက်တဲ့ Zawgyi font installer apk နဲ့ကိုင်လိုက်ရင် မြန်မာလို
မြင်ရပြီပေါ့။

အစဉ်ပြေပါစေဗျာ။
refer link http://salingyimyo.blogspot.com/2014/01/android-os-window-root-android- nayphyokyaw မှတဆင့်တင်ပြထားပါတယ်

FSCapture (or) Screen shot





ဒီဆော့ဝဲလ်လေးကတော့ ကွန်ပြူတာသမားတိုင်း မရှိမဖြစ် ဆော့ဝဲလ်လေးပါ။ screen shot ရိုက်နေကျတဲ့ သူငယ်ချင်း ညီကို များတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ကျနော်လည်း ဆော့ဝဲလ်နဲ့ key ကို တွဲမိအောင် ကြိုးစားရှာခဲ့ပါတယ်။ အခု လိုတင်ပေးလိုက်ရတဲ့တွက် ၀မ်းသာမိပါတယ်။ အသုံးလိုပါက ဒီမှာ 
ဒေါင်းလော့ ယူနိုင်ပါတယ်။