Pages

Samsung Galaxy S5 ကို ကြိုတင်မှာယူနိုင်ပြီ

AT&T, US Cellular, T-Mobile နှင့် RadioShack တို့က Samsung Galaxy S5 ၏ ဈေးနှုန်း နှင့် ရောင်းချမည့်ရက် ကို ကြေညာလိုက်ပါသည်။ Samsung Galaxy S5 ကို ဧပြီလ (၁၁) ရက်နေ့တွင် တစ်ကမ္ဘာလုံးတွင် ရောင်းချပေးမည်ဖြစ်ပါသည်။
AT&T နှင့် US Cellular တို့က Samsung Galaxy S5 ကို နှစ်နှစ်စာချုပ်ဖြင့် ရောင်းချပေးမည်ဖြစ်ပြီး ကနဦးပေးသွင်းရမည့် တန်ဖိုးမှာ ဒေါ်လာ နှစ်ရာ ဖြစ်ပါသည်။ T-Mobile က Samsung Galaxy S5 ကို တစ်လလျှင် ဒေါ်လာ (၂၇.၅၀) နှုန်း ဖြင့် နှစ်နှစ်ပေးသွင်းနိုင်သည့် အစီအစဉ် ကို ပြုလုပ်ပေးထားပါသည်။
AT&T က Samsung Galaxy S5 ကို ၀ယ်ယူနိုင်မည့် Plan များစွာပြုလုပ်ပေးထားပြီး စာချုပ်အလွတ်ဝယ်ယူလျှင် ဒေါ်လာ (၆၅၀) သတ်မှတ်ထားပါသည်။ AT&T က (၁၈)လ နှင့် (၁၂)လ အရစ်ကျပေးသွင်းနိုင်သည့် အစီအစဉ် ကို ပြုလုပ်ပေးထားပြီး တစ်လလျှင် ဒေါ်လာ (၂၅) နှင့် ဒေါ်လာ (၃၂.၅) အသီးသီးပေးသွင်းရမည်ဖြစ်သည်။
AT&T နှင့် US Cellular တို့မှ Samsung Galaxy S5 အဖြူရောင် နှင့် အနက်ရောင် ကို မတ်လ(၂၁)ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ T-Mobile မှ Samsung Galaxy S5 ကို မတ်လ(၂၄) ရက်နေ့တွင် ကြိုတင်မှာယူနိုင်ပြီဖြစ်သည်။ Carriers အားလုံး က Samsung Galaxy S5 ကို ဧပြီလ အစောပိုင်း တွင် ပို့ဆောင်ပေးမည်ဖြစ်သည်။ RadioShack မှ ၀ယ်ယူမည်ဆိုလျှင် ဒေါ်လာ ငါးဆယ်တန် ကူပွန် ကို ရရှိမည်ဖြစ်သည်။
Ref:Myanmar Digital Life Journal  မှာယူသောဖုန်းများကို email mgaungaung9@gmail.com သို့ပေးပို့နိုင်ပါသည်။

No comments:

Post a Comment