Pages

စိတ်ချမ်းသာတဲ့သူဟာ စိတ်ထားပိုကောင်းတယ်

လူတော်တော်များများဟာ ကိုယ်ကျင့်တရားကို တန်ဖိုးထားကြတယ်။ မေတ္တာကို တန်ဖိုးထားကြတယ်။ အလှအ
ပကို တန်ဖိုးထားတယ်။ ကျန်းမာရေးကို တန်ဖိုးထားတယ်။ အလုပ်ကောင်းကောင်းလုပ်နိုင်တာကို တန်ဖိုးထား
တယ်။ ငြိမ်းချမ်းမှုကိုတန်ဖိုးထားတယ်။ တရားမျှတမှု၊ တိုးတက်မှု၊ ကြီးပွါးမှု၊ အောင်မြင်မှု တို့ကိုတန်ဖိုးထား
တယ်။ ဘာဖြစ်လို့လဲ၊ အဲဒါတွေဟာ စိတ်ချမ်းသာမှုကို ပေးလိမ့်မယ်လို့ ယုံကြည်မျှော်လင့်တယ်။ ဘာဖြစ်လို့လုပ်
လဲဆိုတာကို မျက်ခြေပြတ်သွားရင် လုပ်သာ လုပ်နေကြတယ် စိတ်ချမ်းသာမှု ရမှာမဟုတ်ဘူး။ ဒါကြောင့်ဘာပဲ
လုပ်လုပ် လုပ်နေတုန်းမှာပဲစိတ်ချမ်းသာချင်လို့ လုပ်နေတယ် ဆိုတာကို မမေ့ဖို့လိုတယ်။ ရာထူးနဲ့ တာဝန်ထမ်း
ဆောင်နေကြတဲ့သူတွေဟာ တို့လုပ်နေတဲ့ရည်ရွယ်ချက်က တိုင်းသူပြည်သားအားလုံး စိတ်ချမ်းသာကိုယ်ချမ်း
သာရှိဖို့ လုပ်နေတာ ဆိုတာကို မမေ့ဖို့သိပ်အရေးကြီးပါတယ်။ အဲဒါကိုမေ့သွားရင် ကိုယ့်ရာထူး ကိုယ့်ဂုဏ်ရှိဖို့
အများကိုအနိုင်ရဖို့ ဒုက္ခပေးဖို့ ဖြစ်သွားမယ်။ စိတ်ပိုချမ်းသာလာတဲ့သူဟာ စိတ်ထားပိုကောင်းလာတယ် လို့ 
သုတေသန ပြုချက်တွေက အထောက်အထားတွေ့ရတယ်။ စိတ်ချမ်းသာတဲ့သူဟာ ကြင်နာတတ်တယ်။ ကူ
ညီတတ်တယ်၊ စိတ်ရှည်တယ် ခွင့်လွှတ်နိုင်တယ် အားရှိတယ် ဥာဏ်ပိုကောင်းတယ် အလုပ်ကိုပိုလုပ်နိုင်
တယ် စီးပွါးရေး ပိုအဆင်ပြေတယ် စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေး ပိုကောင်းတယ်။ ဒါကြောင့် ကိုယ့်နိုင်
ငံကိုပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင် လူတွေကိုစိတ်ချမ်းသာအောင် တတ်နိုင်သလောက် အထောက်အ
ထောက်အကူပေးရမယ်။ အားလုံး စိတ်ချမ်းသာမှ အားလုံး အဆင်ပြေကြမယ် ...............။

                                                                                    မိုက်ခဲလေးရဲ့ဒိုင်ယာရီ

No comments:

Post a Comment