Pages

အမေ့ အေးရိပ် ဝေးကွာသူ

အမေ့အေးရိပ် ဝေးကွာသူ
ထနောင်းရိပ်အောက်က အေးရိပ်
ချွေးသိပ်ဖို့ အေးမြသလို
အမေ့အေးရိပ် သား သတိရတယ် အမေ…။
တပြည်တရွာ မှာ တတ်တဲ့ပညာ အားကိုးနဲ့
ဘ၀ အတွက် ရုန်းကန်ရင်း
သား အားတင်းခဲ့ပါတယ် အမေ…။
ပညာတွေ တတ် ကြင်ယာဖက် သွားတဲ့
သား သမီးတွေ ထဲမှာ သား မပါသေးဘူး အမေ
အမေ့ အေးရိပ်ကို သတိရဆဲပါ…။
ငယ်ငယ်က ပုံမပြောပြဖူးခဲ့ပေမဲ့
သားတို့အတွက် ငွေရှာပေးနေခဲ့တဲ့ အမေ
အဲဒီ ဘ၀ ပုံပြင်ကို သား အခု ကောင်းကောင်း ဖတ်တတ်နေပြီ အမေ…။
ရေမြေတွေ ခြားသွားတော့
သား ပြောင်းလဲသွားတယ် မထင်ပါနဲ့ အမေ
ငယ်ငယ်က အမေပြန်လာရင် ၀ယ်လာတတ်တဲ့
ဘိန်းမုန့်လေး ကို စားချင်သေးတယ် အမေ…။
အပူ အပင် ကင်းတဲ့ အိမ်မှာ ဂစ်တာ တီးတုန်းက
လဘက်သုတ်ကျွေးခဲ့တဲ့ အမေ့ကို
သား သတိရပါတယ် အမေ…။
ဘ၀တွေ ဘယ်လောက် ခါးခါး
သား ရဲ့ ဘ၀ ပြောင်းခဲ့တာ
အမေ့ရဲ့ သွန်သင်မှုကြောင့်ပါ လို့လည်း ပြောပါရစေ
ထာဝရ မဖြစ်နိုင်တော့ပေမဲ့ အမေရယ်
တစ်ခဏတော့ အမေ့ အေးရိပ် သား ပြန်လာချင်သေးတယ်..။
                                                  မိုက်ခဲလေး

No comments:

Post a Comment