Pages

လွှင့်နေတဲ့စိတ်

တနေ့တ၌ကျွန်တော်ဟာ မနက်ခင်းတခုဆီသို့ လှမ်းမျှော်ရင်း လမ်းလျှောက်ထွက်ခဲ့ပါသည်။ မိုးသားတွေအုပ်မှိုင်း
နှင်းတွေကတဖြောင့်ဖြောင့်ကျနေတဲ့ နေ့တနေ့မှာ ရင်ထဲမှာဘာကိုတောင်းတ နေချင်သလဲဆိုတာ အဖြေမရှာနိုင်
ဘူးဖြစ်နေတယ်။ ဘယ်ကိုဦးတည် ခရီးဆက်ရမလဲဆိုတာလဲ မသိနိုင်ခဲ့ပါဘူး။ လွှင့်မျှော်နေတဲ့ တိမ်တိုက်တွေလို
လွှင့်ချင်ရာလွှင့်နေခဲ့ပါတယ်။ ဘ၀မှာ ရည်မှန်းချက် ဦးတည်ကျက် ဆိုတာဘာမှမသိရှာ သေးတဲ့ကောင်လေးတ
ယောက်ပေါ့။ ဘာကိုဆုပ်ကိုင်လို့ ဘယ်လမ်းကိုလျှောက်ရမလဲ ဆိုတာလဲ မသိသေးတဲ့ သူတယောက်ပေါ့။ ဘေးမှာလဲအဖော်မွန်ဆိုတာ သူတဦးတယောက်မှ မရှိခဲ့ပါ။ ဒီလိုနဲ့ ခ၇ီးဆက်ခဲ့တယ်။ တခါတလေ လမ်းတွေမှားနေမလားလို့ကိုယ့်ကို ပြန်ဆန်းစစ်ရကောင်းမှန်းလဲမသိ ခဲ့ရပါ။ လေနှင်ရာပါသွားတဲ့ တိမ်တွေလို ရေစီးရာမျှော်နေတဲ့ လှေတွေလို လမ်းလျှောက်ရင်း လမ်းပျောက်နေသူ တယောက်ပေါ့ဗျာ။ ဒီအချိန်မှာ ကျွန်တော်ဟာ ဟိုးအဝေးတနေရာမှာရောက်နေပါတယ်။

ရေးသားသူ .........မိုက်ခဲလေး

No comments:

Post a Comment