Pages

မှောင်နေတဲ့ကမ္ဘာတစ်ခြမ်း

ချစ်သူရေ
မိန်းမသားတွေဟာ
ချစ်သူရဲ့ကမ္ဘာတစ်ဝက်ကို စိုးပိုင်ပါတယ်.......
စိတ်ဓာတ်မြင့်မားပြီး
ရိုးသားတဲ့ ယောကျာ်းတစ်ယောက်အဖို့
ပွင့်လင်းတည်ငြိမ်တဲ့
အိနြေ္ဒရှင်မိန်မသားတစ်ယောက်နဲ့
စိတ်ချင်းဆက်နွယ်ရင်းနှီးမှုရတဲ့အခါ
အဲဒီအမျိုးသားရဲ့
အမှောင်သန်းနေတဲ့ကမ္ဘာတစ်ခြမ်းကို
အလင်းရောင်တွေ ယှက်သန်းစေပါလိမ့်မယ်............
ဒီလိုနည်းနဲ့
ပေါင်းဖက်မိကြတဲ့ အိမ်ထောင်ရေးဟာ
ဖို မ ကိစ္စဟာဘာမှအရေးမပါတော့ပါဘူး
စစ်မှန်တဲ့ ပေါင်းစည်းမှုနဲ့
ပေါင်းဖက်မိကြတဲ့ကမ္ဘာတစ်ခုမှာ
အဲဒီအကြင်လင်မယားဟာ
ထာဝရနုပျိုနေပါလိမ့်မယ်
အသက်အရွယ်ကြီးရင့်ပေမယ့်လည်း
ပျော်ရွှင်ခြင်းနှင့် နုပျိုတဲ့အိမ်ထောင်ရေးဟာ
မှောင်နေတဲ့ကမ္ဘာတစ်ခြမ်းကို
အလင်းရောင်ယှက်သန်းစေပါတယ်...........

အောင်ကောင်းမှတဆင့်ရေးသားထားပါသည်။

No comments:

Post a Comment