Pages

ပြန်ထွက်လို့ မရတဲ့ ဆော့ဝဲရ်တွေကို uninstaller နဲ့ ပြန်ထွက်ရအောင်…


ဒီဆော့ဝဲလေးကတော့ your uninstaller ဖြစ်ပါတယ်။ ဒီဆော့ဝဲကတော့ ဘယ်လို အသုံးဝင်လဲဆိုရင် တစ်ချို့application တွေ၊ ဆော့ဝဲရ်တွေက ကွန်ပျုတာမှာ ထည့်ပြီးတော့ ပြန်ထွက်တဲ့အခါ ပေကပ်ကပ်လုပ်နေတာတွေကို ဒီဟာလေးနဲ့ ပြန်ထွက်ရင်
အားလုံးအဆင်ပြေသွားမှာပါ…။

ကျနော်လည်း အရင်က ဒီပြဿနာကို ခဏခဏ ကြုံရပါတယ်။ ဒီဟာလေးနဲ့ အဆင်ပြေသွားပါတယ်။ ဒီဆော့ဝဲရ်ကတော့ portable လေးဖြစ်ပါတယ်။ သုံးရတာလွယ်ကူပါတယ်။
ကလစ်နှစ်ချက် နှိပ်ပြီး ခဏစောင့်ပါ…။ သူ့ဟာသူ တက်လာပါလိမ့်မယ်။ တစ်ချို့ဆော့ဝဲရ်တွေက ကွန်ပျုတာထဲထည့်ပြီးရင် window xp မှာ add and remove programs မှာ ရှာမရဘဲ ပျောက်သွားတတ်ပါတယ်။

window vista နဲ့ window 7 မှာ ဆိုရင် fearture and programs မှာ ရှာမတွေ့ပါဘူး။ ဒါဆိုရင် ဒီဆော့ဝဲရ် run လိုက်တာနဲ့ hide ဖြစ်နေတဲ့ programs များကို တွေ့ရမှာဖြစ်ပါတယ်။
တကယ်လို့ မတွေ့ရသေးဘူးဆိုရင် ဒီဆော့ဝဲရ် မှာ advance နှိပ်ပါ။ လိုအပ်တဲ့ programs နာမည်ကို ရိုက်ထည့်ပြီး ရှာနိုင်ပါတယ်။ ပေါ်လာတဲ့ ဘောက်စ်ရဲ့ အောက်ခြေမှာ ပြထားတဲ့အတိုင်း uninstall လုပ်လိုက်ပါ။
အဆင်ပြေသွားပါလိမ့်မယ်…။ လိုချင်ရင်…ဒ်ီမှာ ဒေါင်းလော့ယူပါ…

မော်လမြိုင်သားလေး




No comments:

Post a Comment