Pages

Showing posts with label အချစ်အိမ်. Show all posts
Showing posts with label အချစ်အိမ်. Show all posts

စိတ်ကူးရွက်လေး

တခါတလေမှာ စိတ်တွေလေလွင့်
ရောက်တက်ရာရာ ပြေးလွှာနေတဲ့
တိမ်တွေလို တွယ်ရာမဲ့စွာ
လွှင့်မျှော်နေတက်တဲ့
စိတ်ကူးတွေ အတောင်ပံမရှိ
နားခိုရာကင်းမဲ့ နေတဲ့
ရွာရွက်ဝါလို ကြွေကျမြေခ
ရတော့မှာလားလို့
ချစ်သူမေသို့ မေးမြန်းချင်၏.........။

ရေးသားသူ.................မိုက်ခဲလေး

အချစ်စက္ကန့်

ပြေးနေသော လက်တံ
ရပ်တန့်နေသော စက်ဝိုင်းတခု
ဝင်ကမ္ဘာလို ထွက်ပေါက်ရှာလို့မရ
တရွေ့ရွေ့နှင့်အမှီလိုက်နေရတဲ့
လက်တံတစ်ချောင်းလို
သတိရတဲ့ အချိန်တိုင်းမှာ
ကိုယ့်ရဲ့အချစ်တွေက စက္ကန့်ပေါ်မှာ
ထပ်ချက်မကွာ ပြေးလွှာနေမယ်ဆိုရင်
စက္ကန့်တစ်ချက်အသံပေးတိုင်း
ချစ်တယ် ချစ်တယ် လို့ပြောနေမှာ
သေချာပါတယ် ကောင်မလေးရယ်.............။

ရေးသားသူ............မိုက်ခဲလေး

ပျောက်ရှနေတဲ့နှလုံးသား

ငါ့နှလုံးသားတွေ ပျောက်ရှနေတက်တဲ့
ငါ့ညနေခင်းရဲ့ လေပြေတွေထဲမှာ
ပြပြလေးမကတဲ့ တသသအလွမ်းတွေနဲ့
ကျကျသွားတဲ့ နေမင်းကိုထိုင်ငေးရင်း
ရွာမြောက်ခြမ်းက ချစ်သူကို
ခိုးနမ်းခွင့် ရချင်တယ်..........။


ရေးသားသူ...........မိုက်ခဲလေး

မှောင်နေတဲ့ကမ္ဘာတစ်ခြမ်း

ချစ်သူရေ
မိန်းမသားတွေဟာ
ချစ်သူရဲ့ကမ္ဘာတစ်ဝက်ကို စိုးပိုင်ပါတယ်.......
စိတ်ဓာတ်မြင့်မားပြီး
ရိုးသားတဲ့ ယောကျာ်းတစ်ယောက်အဖို့
ပွင့်လင်းတည်ငြိမ်တဲ့
အိနြေ္ဒရှင်မိန်မသားတစ်ယောက်နဲ့
စိတ်ချင်းဆက်နွယ်ရင်းနှီးမှုရတဲ့အခါ
အဲဒီအမျိုးသားရဲ့
အမှောင်သန်းနေတဲ့ကမ္ဘာတစ်ခြမ်းကို
အလင်းရောင်တွေ ယှက်သန်းစေပါလိမ့်မယ်............
ဒီလိုနည်းနဲ့
ပေါင်းဖက်မိကြတဲ့ အိမ်ထောင်ရေးဟာ
ဖို မ ကိစ္စဟာဘာမှအရေးမပါတော့ပါဘူး
စစ်မှန်တဲ့ ပေါင်းစည်းမှုနဲ့
ပေါင်းဖက်မိကြတဲ့ကမ္ဘာတစ်ခုမှာ
အဲဒီအကြင်လင်မယားဟာ
ထာဝရနုပျိုနေပါလိမ့်မယ်
အသက်အရွယ်ကြီးရင့်ပေမယ့်လည်း
ပျော်ရွှင်ခြင်းနှင့် နုပျိုတဲ့အိမ်ထောင်ရေးဟာ
မှောင်နေတဲ့ကမ္ဘာတစ်ခြမ်းကို
အလင်းရောင်ယှက်သန်းစေပါတယ်...........

အောင်ကောင်းမှတဆင့်ရေးသားထားပါသည်။

အချစ်စက်ဝိုင်း

ချစ်သူရေ
အချစ်ဟာ
ဘ၀ရဲ့အာရုံဦးဖြစ်ပြီး
အိမ်ထောင်ပြုခြင်းကတော့
ဘ၀ ရဲ့နေ၀င်ချိန်လို့
ပညာရှင်တချို့ကဆိုပါတယ်။
တကယ်တော့
အချစ်ဆိုတာ
ဘ၀ရဲ့ အာရုံဦးဖြစ်တာမှန်ပေမဲ့
အိမ်ထောင်ပြုခြင်းကတော့
ဘ၀ရဲ့နေ၀င်ချိန်မဖြစ်နိုင်ပါဘူး။
ဘာကြောင့်လဲဆိုတော့
အချစ်နဲ့အိမ်ထောင်ပြုခြင်းဟာ
စက်ဝိုင်းတစ်ခုထဲ ဖြစ်ပါတယ်
အဆုံးဆိုတာ မရှိဘူးကွယ်...............။

အောင်ကောင်း