Pages

Showing posts with label လွမ်းဧကရီ. Show all posts
Showing posts with label လွမ်းဧကရီ. Show all posts

လွမ်းနေတဲ့မြို့ငယ်

သေရာပါမဲ့ မကျေနပ်ခြင်းတွေနဲ့
ရင်ထဲကဖြစ်တည်နေတဲ့ ဒဏ်ရာတွေက
ကိန်းအောင်းနေဆဲပဲ ဘယ်တော့မှမပျက်စီးတဲ့
ရည်ရွယ်ချက် ဘယ်သူတွေဘယ်လိုပြောပြော
ငါ့ရဲ့အာရုံက တခုတည်းပါ
တနေ့တော့ ဖြစ်တည်ခွင့်ရမယ်ဆိုရင်
ငါ့ရဲ့ ဘ၀ ဆိုတဲ့စာလုံးနှစ်လုံးရဲ့ ရလဒ်တခုပါ
သာယာတဲ့ဘ၀ကို မတည်ဆောက်နိုင်တဲ့
အချိန်မှာ ငါဟာအိမ်ကိုမပြန်ရဲလို့
အိမ်မက်ဆိုးများနဲ့ နယ်မြို့လေးကို
လွမ်းနေဆဲပါ.....................

ရေးသားသူ..............မိုက်ခဲလေး

ဌာနေသို့လွမ်းခြင်း

နှင်းတွေလေမြူး လေယူရာသိမ်း
ယိမ်းနွဲ့လေသော ပန်းများသစ်ပင်
ပွင့်ဖူးသစ်စ ပျားပိတုန်းတွေက
စုပ်ယူစားသုံး ရိုးတန် ကိုင်းလက်
ပင်စည်မျှသာ ကျန်ပါလေ၏
ထိုချိန်ကာ သာမယကြည့်ပါလေသော်
ဆောင်းဦးရွက်ကြွေ ရောက်နှင့်ပြီး
လွမ်းလှရာသီ မွေးရပ်ဌာနေတမ်းတမိ၏
ဌာနေရာမည မျှော်ကာကြည့်သော်
ရှုလေတောင်တန်း စိမ်းလန်းစိုပြေ
ကြည်နူးဖွယ်ရာ ကိုယ့်ဌာနေကို
တမ်းတသော်လည်း ရင်မှာပီတိ
လွမ်းနေမိ၏ .................
ရေးသားသူ
ရေဇလာကဗေဒါပန်း