နှင်းတွေလေမြူး လေယူရာသိမ်း
ယိမ်းနွဲ့လေသော ပန်းများသစ်ပင်
ပွင့်ဖူးသစ်စ ပျားပိတုန်းတွေက
စုပ်ယူစားသုံး ရိုးတန် ကိုင်းလက်
ပင်စည်မျှသာ ကျန်ပါလေ၏
ထိုချိန်ကာ သာမယကြည့်ပါလေသော်
ဆောင်းဦးရွက်ကြွေ ရောက်နှင့်ပြီး
လွမ်းလှရာသီ မွေးရပ်ဌာနေတမ်းတမိ၏
ဌာနေရာမည မျှော်ကာကြည့်သော်
ရှုလေတောင်တန်း စိမ်းလန်းစိုပြေ
ကြည်နူးဖွယ်ရာ ကိုယ့်ဌာနေကို
တမ်းတသော်လည်း ရင်မှာပီတိ
လွမ်းနေမိ၏ .................
ရေးသားသူ
ရေဇလာကဗေဒါပန်း
No comments:
Post a Comment