Pages

Showing posts with label ကျွန်တော့်ရဲ့ခံစားချက်. Show all posts
Showing posts with label ကျွန်တော့်ရဲ့ခံစားချက်. Show all posts

သိရဲ့လား ကောင်မလေးရေ လွမ်းတယ်

လွမ်းတယ်ကောင်မလေးရေ
အလိုမကျတာတွေနဲ့စုစည်းထားတဲ့ဘဝတွေထဲမှာ
မင်းနဲ့ကိုယ်ဆုံခဲ့တယ်။

မင်းကလဲဝေးဝေးမှာ
ကိုယ်ကလဲဝေးဝေးမှာ
အချစ်ဆိုတာက
ရင်ဆိုင်ခွန်အားတွေ
ကိုယ်တို့ကိုပေးခဲ့တယ်
ချစ်တာတစ်ခုထဲအားကိုးနဲ့
ကိုယ်တို့တွေချစ်ခဲ့ကြတယ်။

အဲသည်အချစ်ကပဲလေ
ကိုယ်တို့ကို
လွမ်းစေပါလားကောင်မလေးရေ။

မော်လမြိုင်သားလေး

မျှော်လင့်ချက်လေး

ကြယ်ကြွေညများထဲ တယောက်ထဲလမ်းလျှောက်
ကြယ်ကြွေတွေကိုကြည့်ရင်းလမ်းပျောက်ပေါ့
မှိုင်မိုက်နေတဲ့ညတညကတော့
လမ်းလျှောက်ရင်းလမ်းတွေပျောက်
မဟူရာကျောက်တစ်တုံးကို လူတကာကောက်ခိုင်းလို့
ရရင်ရလိမ့်မယ် ကိုယ့်ရဲ့ပျောက်ရှနေတဲ့
နှလုံးသား ကိုယ်တော့ ဘယ်သူမှရှာလို့မတွေ့နိုင်ဘူး
ပဲ့ကြွေသွားတဲ့နှလုံးသားက ပျက်သုဉ်းသွားဆဲပေါ့
ဘယ်တော့ဖြစ်ဖြစ်လေ တသက်လုံးပဲသတိရနေဆဲပေါ့..............

မိုက်ခဲလေး

စဉ်းစားပါမိန်းကလေး

အော်ချစ်သူရယ် ချစ်တာကိုအပြစ်လို့ယူမယ်ဆိုရင်
အသစ်တွေဟာဘယ်လောက်ကောင်းကောင်း
အဟောင်းတလည်လည်ရှိစမြဲပေါ့
မင်းကိုချစ်ခဲ့တယ် ဒါပေမဲ့ခွဲခွါဖို့တွက်မဟုတ်ခဲ့ဘူး
မင်းကကိုယ့်ကို ခွဲခွါခြင်းတွေနဲ့
အဆုံးသတ်စေချင်ခဲ့တယ်
အဆုံးသတ်မလှတဲ့ ကဗျာတပုဒ်က
ကောင်းချင်ကောင်းလိမ့်မယ်
မင်းရွေးလိုက်တဲ့ လမ်းမကြီးက
မင်းအတွက်တော့ချောက်ကမ်းပါးကြီးဆိုတာမသိလိမ့်ဘူး
တနေ့ကျခဲ့ရင်ကယ်မဲ့သူရှိမှာမဟုတ်ဘူးမိန်းကလေး
ကိုယ်ကတော့ မင်းပြန်လာမယ့်နေ့ကို
စောင့်နေတယ် အချိန်နောက်မကျစေနဲ့ပေါ့

မိုက်ခဲလေး

မေမေသို့

ကျေးဇူးတော်ရှင် မေမေသို့
မေမေရယ် သားတော့မုန်တိုင်းဒဏ်ကို
ကြမ်းကြံ့ခံနိုင်အောင် ကြိုးစားနေဆဲပါပဲ
တခါတလေသားဟာ အတောင်ဖြန့်ခဲ့ပါတယ်
ဒါပေမဲ့အမေရယ်
သားဟာအမေတိုက်တဲ့နို့ရည်နဲ့ အင်အားတွေ
ရှိခဲ့ပါတယ် မုန်တိုင်းတွေဘယ်လောက်ကြမ်းကြမ်းပေါ့
ခံနိုင်ရေတွေပြည့်ဝခဲ့ပါတယ်
ဘယ်သူတွန့်လွန့် တွန့်လွန့်မနေခဲ့ဘူး
အရောင်တွေစုံတဲ့လောကကြီးက
အရောင်တွေဆိုးနေဆဲပေါ့
သားတော့ ရင်ထဲမှာမီးတွေလောင်ကျွမ်းနေပြီး
မေမေရယ် ဘ၀ကို
ပန်းပုဆရာလို ဗိသုကာမြောက်အောင်
ထုဆစ်ချင်ပါတယ် အမြဲတမ်းလိုလိုတော့
မဖြစ်နိုင်ခဲ့ဘူး သုခကိုရေကန်
ဒုက္ခကိုတမံ လိုရေကာတာကြီးဆောက်လိုက်ချင်တယ်
အရာရာဟာထင်သလိုမဖြစ်ခဲ့ဘူး
အခုတော့ သားဟာအဝေးဆုံးတနေရာမှာ
အထီးကျန်မဲ့နေခဲ့တယ် မေမေ
သားအမေ့ဆီအမြန်ဆုံးပြေးပြန်လာချင်ပါတယ်
မေမေ မဖြစ်နိုင်တဲ့အခြေနေကတော့
ဘ၀တကွေ့အတွက် လှပအောင်ကြိုးစားနေဆဲပေါ့

ရေးသားသူ................မိုက်ခဲလေး

မတူမတန် ကဗျာ

ကြင်နာစခန်းသွားဖို့ပေတရာလမ်းမ
ခင်းစရာ မလိုပေမဲ့ မတူမတန်တဲ့ ဘဝ
တယူသန်တဲ့စိတ်နဲ့ ကိုယ့်ကိုစိမ်းကား
အဝေးထွက်သွားပြီး ပြုံးကမ္ဘာမှာ
မုန်းတွေဝေ၍ အရှုံးတွေကို
ထွေးပိုက်တော့ရမှာလား
အချစ်တွေကိုအပြစ်လို့
ဲ့ထင်ပြီးအပြုံးတွေကိုအမုန်းလို့မြင်ပြီး
ကိုယ့်ရဲ့အသည်းကမ္ဘာမှာ
မင်းရဲ့အချစ်ပန်းလေးမငြိုးနွမ်းအောင်
အကြင်နာရေတွေနဲ့ပက်ဖျန်းပေးချင်တယ်
ကြင်နာစွာနဲ့ချစ်ခဲ့ပြီးမှ နာကျင်စွာရက်စက်
သွားမှာကို စိုးရိမ်မိတယ်
ကောင်မလေးရယ်....................

ရေးသားသူ...........မိုက်ခဲလေး

လွမ်းငွေ့ရင်သို့

တေးဆိုတက်တဲ့ ငှက်တွေပဲ
တေးဆိုလို့ ရမယ်ဆိုရင်
ှုငှက်တိုင်းလဲတေးဆိုခွင့်မရတော့ဘူးလား
ချစ်သူကိုချစ်တယ်လို့ပြောဖို့အတွက်
ချစ်တက်သူတိုင်းပဲပြောခွင့်ရမှာလား
ကိုယ့်ရင်ထဲကအချစ်တွေကို
မင်းသိအောင်ပြောဖို့အတွက်
စောင့်ဆိုင်းခဲ့တာကြာခဲ့ပြီး
ဖွင့်ဟဖို့အတွက်တုတ်ဆိုင်းသွားခဲ့တယ်
အရာရာတိုင်းဟာဖုံးကွယ်လို့
ရရင်ရလိမ့်မယ်
ရင်ဘက်ထဲကကျက်နေတဲ့
ချောင်းဆိုးခြင်းနဲ့
နှလုံးသားထဲက
မွန်းကျက်နေတဲ့ အချစ်က
ဘယ်အရာနဲ့မှ ဖုံးကွယ်လို့မရနိုင်ပါဘူး
ချစ်သူလေးရယ်............
မင်းကိုချစ်တယ်လို့ဖွင့်မပြောဖြစ်ခဲ့တဲ့
အချိန်တိုင်းမှာ ငါ့ရင်ထဲက
မွန်းကျက်နေတဲ့ ချောင်းဆိုးခြင်းက
မင်းကိုသတိရနေတယ်လို့
ဖွင့်ဟပြောဆိုခြင်းနဲ့တထပ်ထဲကျလိမ့်မယ်
ငါဟာမင်းနဲ့ဝေးသွားခဲ့တဲ့
အချိန်တိုင်းမှာ အမြဲလိုလို
ရင်ကျက်ပြီး အိပ်ယာထဲမှာ
လဲနေခဲ့တယ် ဒါတွေကိုမင်းတော့
သိလိမ့်မှာမဟုတ်ပါဘူးလို့
ကို ထင်တယ်
အခုတော့ လွမ်းဖျား ဖျားနေဆဲပေါ့
ချစ်သူလေးရယ်............

ရေးသားသူ............မိုက်ခဲလေး



်

ဒဏ္ဍာရီချစ်ခြင်းမေတ္တာ

မက်ဇာလီပင်အောက် တမာပင်ပေါက်တော့
ခါးသက်သက်နဲ့ နာကြီးခဲ့
ဆူးပုပ်ပင်လို အနံ့က
ပြင်းပျခဲ့မယ်ဆိုရင်
ကိုမျှော်လင့်ထားတဲ့
ပိတောက်လိုဝင်းဝါပြီး
ရနံ့လေးသင်းခဲ့ရင်
ပိတောက်ရဲ့တန်ဖိုးတော့ရှိဦးမှာပါ
ကြီးအာသီးလို အဆင်းလှပြီး
အချင်းကမဲ့နေရင်
ရှိနေတဲ့ အရောင်ကတော့
သူ့ဘ၀ရဲ့တောက်ပခြင်းပေါ့
သစ္စာပန်းလို အချစ်ကမ္ဘာကို
ရစ်ကာပတ်မယ်ဆိုရင်
ဘယ်တော့မှ ပစ်ခွါမသွားပါဘူး
ချစ်သူလေးရယ်..............

ရေးသားသူ.............မိုက်ခဲလေး

ခိုနားခွင့်

မင်းပြေးလွှားသွားခဲ့ပါတယ်
သံတွေရဲ့ကြား အဆုံးမရှိတဲ့
ချစ်တခုအတွက်
ဂိုးသွင်းခွင့်မသေချာတဲ့
တိုက်စစ်မှူးလို
ဘားထိပြီးပြန်ထွက်လာတာမဟုတ်ပါဘူး
မင်းပုတ်ထုတ်လိုက်လို့
ငါ့ဆီတန်ပြန်ရောက်လာတာပါ
ဒီတွက်ငါနောက်မဆုတ်ခဲ့ပါဘူး
ထပ်ပြီးကြိုးစားနေဦးမှာပါ
ငါဟာမျှော်လင့်ချက်ပြင်းပြတဲ့
တိုက်စစ်မှူးလေ
မင်းရဲ့အချစ်ဂိုးပေါက်ကို
အကြင်နာဘောလုံးလေးနဲ့
အကြိမ်ကြိမ်ကန်သွင်းနေဦးမှာပါ
တစ်ချိန်မှာမင်းသနားပြီး
ပိုင်နယ်သီ ကန်ခွင့်
ပေးခဲ့မယ်ဆိုရင်
မင်းရဲ့မေတ္တာအချစ်ပိုက်ကွန်မှာ
ငါ့ရဲ့ သစ္စာဘောလုံးလေးဟာ
ခိုနားခွင့်ရမှာပါ..........

ရေးသားသူ...........မိုက်ခဲလေး

ငို... ရယ်ခြင်း ကင်းတဲ့အခါ...


မရယ်ချင်ပါဘူး
ဟန်ဆောင်ခြင်းတွေပါလို့

မငိုချင်ပါဘူး
လူတွေသိအောင်လို့

ဘ၀ဆိုတာ
ဘန်းထဲက ခေါက်ဆွဲတွေလို
ရှည်လျားရှုပ်ထွေးနေပေမယ့်
ရှင်းသွားအောင်လည်း
ကတ်ကြေးနဲ့ ဖြတ်မရတော့
ခက်သေးတယ်...

ဘဲတစ်ကောင်ရဲ့ ရေယက်တွေလို
သဘင်သည်တစ်ယောက်ရဲ့
ဇာတ်စင်နောက်က ဇာတ်လမ်းတွေလို
ကန့်လန့်ကာနောက်ကွယ် ဆိုတာမျိုးတော့
သူ့မှာလည်းရှိကောင်းသလို
ကိုယ့်မှာလည်း ရှိနေမှာပေါ့...

စာရွက်ပေါ်ဗလာခင်းနေပေမယ့်
စိတ်ထဲမှာတော့ ခေါင်းစဉ်တွေသီ
နေကုန်အောင် နှုတ်ဆိတ်နေပေမယ့်
ရင်ထဲမှာတော့ စောဒကတွေစီ...

အမှန်တွေပြောရင်တော့
အကန်ခံရမှာပဲ
ဒါတွေပြောရင်လည်း
ဒေါတွေပါလာမှာမလွဲ

ဒီတော့...
တေမိယထုံးနှလုံးမူလိုက်တဲ့အခါ
ရယ်မောခြင်းတွေလည်းပျောက်
ငိုကြွေးခြင်းတွေလည်း သွေ့ခြောက်လို့
ဖြူဖျော့ဖျော့ နှုတ်ခမ်းပါးတစ်စုံဟာ
ဖွင့်ဟဖို့ တုန့် ဆိုင်း သွား ခဲ့ တော့ တယ်...။

မိုက်ခဲလေး

အမေကဗျာ တစ်ပုဒ်ကို မျှဝေခြင်း

အမေ...
ကြယ်ကြွေတွေ ကောက်ပြီး
လေထဲမှာ အိမ်ဆောက်မိသူက
ကျွန်တော်ပေါ့......

တိမ်တောက်တဲ့ ညနေတိုင်း...
ကောင်းကင်ကိုကြည့်ငေး
ကျွန်တော်မပါတဲ့...
မိသားစု ထမင်းဝိုင်းလေးဆီကို
စိတ်တွေကပြေးလို့...
အမေ့အနား...
ခုချက်ချင်း ရောက်သွားလိုက်ချင်တယ်.....။

အမေ့ ရင်ခွင်ရဲ့အဝေး..
ခြေစုံကန် ထွက်ပြေးခဲ့မိတာ ၃ နှစ်...
အဲဒီ့ အတောအတွင်းမှာ...
ဒဏ်ရာတွေနဲ့ပဲ..နစ်နေရတယ် အမေ.....။

အမေရေ....
မာယာစုံတဲ့လောကကြီးရဲ့....
မျက်နှာဖုံးတုတွေကြားထဲမှာ..
ရိုးသားစွာ ခရီးဆက်...
သူတစ်ပါးကို နင်းတက်လိုက်ရမှာ...
ကျွန်တော်..ရှက်တယ်.......။

လိုအင်တစ်ခုအတွက်....
အမှန်တရားကို မြိုချ...
လိုအပ်ချက် တစ်ခုအတွက်...
သူများ ခြေထောက်တွေကို လိုက်လိုက်လျက်ရမှာလဲ....
ကျွန်တော် ရှက်တယ်......။

အများနဲ့ တစ်ယောက်....
လူတွေက ကျွန်တော့်ကို..
မျက်မှန် အနောက်နဲ့ ကြည့်ကြတယ်.....

တကယ်တော့ အမေရယ်...
မိုးရွာတုန်း ရေခံဆိုပြီး...
သူတို့ သောက်နေတဲ့ မိုးခါး.....
ကျွန်တော် မမက်မောတတ်တာ အပြစ်လား အမေ.......
မိုးခါး တစ်စက်ကြောင့် ....
ကျွန်တော့်လမ်းလေး ပျောက်သွားမှာ ကြောက်တယ်....။

အဲဒီတော့...
ကျွန်တော့်ကို လူတွေက မေးငေါ့တယ်......
ဂျစ်ကန်ကန် ညစ်ကပ်ကပ်
ဆင်းရဲတွင်း.. နက်မဲ့ ကောင်တဲ့....။

သူတို့ ဘယ်လို ပြောပြော
တစ်လောကလုံးပဲ မှောင်နေပါစေ....
အမှန်တရားကို ဆုပ်ကိုင်လို့...
ကိုယ့်သိက္ခာနဲ့ ကိုယ်..လင်း.....
ကျွန်တော့ မနက်ခင်းတိုင်း.....
ကြောင့်ကြခြင်း ကင်းပါတယ်..အမေ.......။

အဝေးရောက်နေတဲ့....
သားတစ်ယောက်အတွက်..
သောကတွေ မီးမတောက်ပါနဲ့....အမေ
ကိုယ့်လမ်း....ကိုယ်ဖောက်
ချောက်နက်ထဲ မရောက်အောင်....
သား လျှောက်နိုင်ပါတယ်.....။

ကျွန်တော့်အတွက်...
တစ်ခါမှ..ဂုဏ်မတက်ခဲ့ရတဲ့အမေ....
မျက်ရည်လဲ.. မဝေစေရပါဘူး......
သားမိုက် မဟုတ်ပေမယ့်....
သားလိမ္မာလဲ မဟုတ်တဲ့ ..အမေ့သား......
သစ္စာစကား ဆိုပါတယ်..အမေ........။

အမေရေ...........
ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်လေ.......
အရှိန်အ၀ါတွေ ကင်းမဲ့တဲ့...အိမ်အိုလေးထဲမှာ....
အမေ့ရင်ခွင် ပါးအပ်ရင်း.......
ကျွန်တော်.....
တစ်ရေးလောက်...မှေးစက်ချင်တယ် အမေ......။


မျှဝေတာပါ ။ကျွန်တော်ရေးသားထားခြင်းမဟုတ်ရပါ။

အမေ့ကိုလွမ်းခြင်း

ရေခြားမြေခြား တိုင်းတစ်ပါးတွင်
စေရာတာဝန်ကျေပွန်စွာနဲ့
ကြိုးစားပါလည်း သည်းခိုက်တုန်
အောင်ချမ်းအေးလှသည့်
ညအမှောင်ထဲ မျက်ရည်ဝဲလျက်
အိပ်ပျက်ည၀ယ် ငယ်စဉ်ဘဝ
ရာမညဒေသ ဆောင်းကာလတွင်
အမေ့ရင်ခွင် ခိုဝင်မှေးစက်
အိပ်ခဲ့ရက်တွေ ပြန်လည်တမ်းတ
လွမ်းနေရတယ် အမေရယ်..........

                              မိုက်ခဲလေး

... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။