Pages

စဉ်းစားပါမိန်းကလေး

အော်ချစ်သူရယ် ချစ်တာကိုအပြစ်လို့ယူမယ်ဆိုရင်
အသစ်တွေဟာဘယ်လောက်ကောင်းကောင်း
အဟောင်းတလည်လည်ရှိစမြဲပေါ့
မင်းကိုချစ်ခဲ့တယ် ဒါပေမဲ့ခွဲခွါဖို့တွက်မဟုတ်ခဲ့ဘူး
မင်းကကိုယ့်ကို ခွဲခွါခြင်းတွေနဲ့
အဆုံးသတ်စေချင်ခဲ့တယ်
အဆုံးသတ်မလှတဲ့ ကဗျာတပုဒ်က
ကောင်းချင်ကောင်းလိမ့်မယ်
မင်းရွေးလိုက်တဲ့ လမ်းမကြီးက
မင်းအတွက်တော့ချောက်ကမ်းပါးကြီးဆိုတာမသိလိမ့်ဘူး
တနေ့ကျခဲ့ရင်ကယ်မဲ့သူရှိမှာမဟုတ်ဘူးမိန်းကလေး
ကိုယ်ကတော့ မင်းပြန်လာမယ့်နေ့ကို
စောင့်နေတယ် အချိန်နောက်မကျစေနဲ့ပေါ့

မိုက်ခဲလေး

No comments:

Post a Comment