Pages

မေမေသို့

ကျေးဇူးတော်ရှင် မေမေသို့
မေမေရယ် သားတော့မုန်တိုင်းဒဏ်ကို
ကြမ်းကြံ့ခံနိုင်အောင် ကြိုးစားနေဆဲပါပဲ
တခါတလေသားဟာ အတောင်ဖြန့်ခဲ့ပါတယ်
ဒါပေမဲ့အမေရယ်
သားဟာအမေတိုက်တဲ့နို့ရည်နဲ့ အင်အားတွေ
ရှိခဲ့ပါတယ် မုန်တိုင်းတွေဘယ်လောက်ကြမ်းကြမ်းပေါ့
ခံနိုင်ရေတွေပြည့်ဝခဲ့ပါတယ်
ဘယ်သူတွန့်လွန့် တွန့်လွန့်မနေခဲ့ဘူး
အရောင်တွေစုံတဲ့လောကကြီးက
အရောင်တွေဆိုးနေဆဲပေါ့
သားတော့ ရင်ထဲမှာမီးတွေလောင်ကျွမ်းနေပြီး
မေမေရယ် ဘ၀ကို
ပန်းပုဆရာလို ဗိသုကာမြောက်အောင်
ထုဆစ်ချင်ပါတယ် အမြဲတမ်းလိုလိုတော့
မဖြစ်နိုင်ခဲ့ဘူး သုခကိုရေကန်
ဒုက္ခကိုတမံ လိုရေကာတာကြီးဆောက်လိုက်ချင်တယ်
အရာရာဟာထင်သလိုမဖြစ်ခဲ့ဘူး
အခုတော့ သားဟာအဝေးဆုံးတနေရာမှာ
အထီးကျန်မဲ့နေခဲ့တယ် မေမေ
သားအမေ့ဆီအမြန်ဆုံးပြေးပြန်လာချင်ပါတယ်
မေမေ မဖြစ်နိုင်တဲ့အခြေနေကတော့
ဘ၀တကွေ့အတွက် လှပအောင်ကြိုးစားနေဆဲပေါ့

ရေးသားသူ................မိုက်ခဲလေး

No comments:

Post a Comment