ကောင်းတယ်၊ မကောင်းဘူး။ မှားတယ်မှန်တယ်၊ သင့်တော်တယ်၊ မသင့်တော်ဘူး။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူး
ဆိုတာကိုငါ့ဥာဏ်နဲ့ငါ ရွေးချယ်ဆုံးဖြတ်နိုင်တဲ့ လွတ်လပ်မှု ငါ့မှာရှိတယ်လို့ ယုံကြည်နိုင်တဲ့သတ္တိ ရှိဖို့လိုတယ်။ သတ္တိ
ရှိမှယုံနိုင်တယ်။ သတ္တိမရှိလို ကိုယ်လွတ်ရုံးတဲ့ စကားတွေကို ပြောနေကြတာ။ ငါတို့ဆုံးဖြတ်ဖို့ မလိုဘူး။ ခိုင်းတာလုပ်
ရုံပဲလို့ ပြောတာဟာ လူသားတစ်ယောက်အနေနဲ့ တာဝန်မဲ့တာပဲ။ လူသားတစ်ယောက်အနေနဲ့ လူ့အသိုင်းအ၀ိုင်း
ပေါ်မှာ တာဝန်ရှိတယ်။ အဲဒီတာဝန်ကို ဘယ်လိုနည်းနဲ့မှ ရှောင်လွှဲလို့မရဘူး။ ဒီတာဝန်ကို ရှောင်ရင် လူ့အသိုင်းဝိုင်း
ပေါ်မှာ သစ္စာမဲ့တာပဲ။ ကိုယ့်ကိုယ်ကို ကိုယ် သစ္စာရှိရမယ်။ လူ့အသိုင်းအ၀ိုင်းပေါ်မှာ သစ္စာရှိရမယ်။
မိုက်ခဲလေး

No comments:
Post a Comment