မင်းပြေးလွှားသွားခဲ့ပါတယ်
သံတွေရဲ့ကြား အဆုံးမရှိတဲ့
ချစ်တခုအတွက်
ဂိုးသွင်းခွင့်မသေချာတဲ့
တိုက်စစ်မှူးလို
ဘားထိပြီးပြန်ထွက်လာတာမဟုတ်ပါဘူး
မင်းပုတ်ထုတ်လိုက်လို့
ငါ့ဆီတန်ပြန်ရောက်လာတာပါ
ဒီတွက်ငါနောက်မဆုတ်ခဲ့ပါဘူး
ထပ်ပြီးကြိုးစားနေဦးမှာပါ
ငါဟာမျှော်လင့်ချက်ပြင်းပြတဲ့
တိုက်စစ်မှူးလေ
မင်းရဲ့အချစ်ဂိုးပေါက်ကို
အကြင်နာဘောလုံးလေးနဲ့
အကြိမ်ကြိမ်ကန်သွင်းနေဦးမှာပါ
တစ်ချိန်မှာမင်းသနားပြီး
ပိုင်နယ်သီ ကန်ခွင့်
ပေးခဲ့မယ်ဆိုရင်
မင်းရဲ့မေတ္တာအချစ်ပိုက်ကွန်မှာ
ငါ့ရဲ့ သစ္စာဘောလုံးလေးဟာ
ခိုနားခွင့်ရမှာပါ..........
ရေးသားသူ...........မိုက်ခဲလေး
No comments:
Post a Comment