Pages

ဒဏ္ဍာရီချစ်ခြင်းမေတ္တာ

မက်ဇာလီပင်အောက် တမာပင်ပေါက်တော့
ခါးသက်သက်နဲ့ နာကြီးခဲ့
ဆူးပုပ်ပင်လို အနံ့က
ပြင်းပျခဲ့မယ်ဆိုရင်
ကိုမျှော်လင့်ထားတဲ့
ပိတောက်လိုဝင်းဝါပြီး
ရနံ့လေးသင်းခဲ့ရင်
ပိတောက်ရဲ့တန်ဖိုးတော့ရှိဦးမှာပါ
ကြီးအာသီးလို အဆင်းလှပြီး
အချင်းကမဲ့နေရင်
ရှိနေတဲ့ အရောင်ကတော့
သူ့ဘ၀ရဲ့တောက်ပခြင်းပေါ့
သစ္စာပန်းလို အချစ်ကမ္ဘာကို
ရစ်ကာပတ်မယ်ဆိုရင်
ဘယ်တော့မှ ပစ်ခွါမသွားပါဘူး
ချစ်သူလေးရယ်..............

ရေးသားသူ.............မိုက်ခဲလေး

No comments:

Post a Comment