Pages

လွမ်းငွေ့ရင်သို့

တေးဆိုတက်တဲ့ ငှက်တွေပဲ
တေးဆိုလို့ ရမယ်ဆိုရင်
ှုငှက်တိုင်းလဲတေးဆိုခွင့်မရတော့ဘူးလား
ချစ်သူကိုချစ်တယ်လို့ပြောဖို့အတွက်
ချစ်တက်သူတိုင်းပဲပြောခွင့်ရမှာလား
ကိုယ့်ရင်ထဲကအချစ်တွေကို
မင်းသိအောင်ပြောဖို့အတွက်
စောင့်ဆိုင်းခဲ့တာကြာခဲ့ပြီး
ဖွင့်ဟဖို့အတွက်တုတ်ဆိုင်းသွားခဲ့တယ်
အရာရာတိုင်းဟာဖုံးကွယ်လို့
ရရင်ရလိမ့်မယ်
ရင်ဘက်ထဲကကျက်နေတဲ့
ချောင်းဆိုးခြင်းနဲ့
နှလုံးသားထဲက
မွန်းကျက်နေတဲ့ အချစ်က
ဘယ်အရာနဲ့မှ ဖုံးကွယ်လို့မရနိုင်ပါဘူး
ချစ်သူလေးရယ်............
မင်းကိုချစ်တယ်လို့ဖွင့်မပြောဖြစ်ခဲ့တဲ့
အချိန်တိုင်းမှာ ငါ့ရင်ထဲက
မွန်းကျက်နေတဲ့ ချောင်းဆိုးခြင်းက
မင်းကိုသတိရနေတယ်လို့
ဖွင့်ဟပြောဆိုခြင်းနဲ့တထပ်ထဲကျလိမ့်မယ်
ငါဟာမင်းနဲ့ဝေးသွားခဲ့တဲ့
အချိန်တိုင်းမှာ အမြဲလိုလို
ရင်ကျက်ပြီး အိပ်ယာထဲမှာ
လဲနေခဲ့တယ် ဒါတွေကိုမင်းတော့
သိလိမ့်မှာမဟုတ်ပါဘူးလို့
ကို ထင်တယ်
အခုတော့ လွမ်းဖျား ဖျားနေဆဲပေါ့
ချစ်သူလေးရယ်............

ရေးသားသူ............မိုက်ခဲလေး



No comments:

Post a Comment