Pages

သဘာဝတရားဟာ ကျေးဇူးသိတတ်သူကို ပိုပေးတယ်

ကိုယ့်မိတ်ဆွေတစ်ယောက်က ကိုယ့်ကို စားစရာတစ်ခုခု ကျွေးတဲ့အခါ နှစ်နှစ်သက်သက် ပျော်ပျော်ရွှင်ရွှင် စား
လိုက်ရင် နောက်တစ်ခါလည်း ကျွေးချင်မှာပဲ မကောင်းဘူး မစားချင်ဘူး ဆိုပြီး မစားပဲနေရင် နောက်တစ်ခါ
ကျွေးချင်စိတ်မရှိတော့ဘူး အားရ၀မ်းသာစားရင် ပိုကျွေးချင်တယ်။ အဲဒီလိုပဲကိုယ့်မှာ ရထားတာ ရှိနေတာကို ၀မ်းသာရင် နောက်ထပ်ရဖို့ အလားလာပိုများတယ်။ တင်စားပြီးပြောရရင် သဘာဝတရားဟာ ကျေးဇူးသိတတ်
တဲ့သူကိုပိုပေးတယ်။ ဘာရရ မကောင်းသေးဘူး ဆိုပြီး မကျေမနပ် ဖြစ်နေရင် ရဖို့ပိုခက်လာတယ်။ မျက်စိမြင်နေရတာ ကျေးဇူးတင်တယ်။ နားကြားနေရတာကျေးဇူးတင်တယ်။ လက်တွေခြေတွေ ကောင်းနေတာ
ကျေးဇူးတင်တယ်။ စကားပြောနိုင်တာ ကျေးဇူးတင်တယ်။ သစ်ပင်တွေမှာ ရွက်နုတွေထွက်နေတာ ကျေးဇူးတင်
တယ်။ မိဘတွေကိုကျေးဇူးတင်တယ်။ ဆရာ,ဆရာမတွေကို ကျေးဇူးတင်တယ်။ မိတ်ဆွေတွေကိုကျေးဇူးတင်
တယ်။ တစ်နေ့တာလုံး အဲဒီလို ကျေးဇူးတင်တယ် ဆိုတာကို စိတ်ထဲမှာပြောနေပါ။ စမ်းကြည့်ပါ။ ကိုယ့်ဘဝ
ဘယ်လို ထူးခြားလာသလဲဆိုတာ တွေ့ရမယ်။ ပထမဦးဆုံးရမယ့်အကျိုးက စိတ်ချမ်းသာမှုပဲ။ စိတ်ချမ်းသာမှု
ကို သုတေသန လုပ်ကြတဲ့ စိတ်ပညာရှင်များက ပြောကြတယ်။ စိတ်အချမ်းသာဆုံးလူတွေဟာ များများရှိတဲ့
မဟုတ်ဘူးတဲ့။ များများကျေးဇူးတင်တဲ့သူတွေတဲ့။ ကျေးဇူးတင်လို့စိတ်ချမ်းသာတယ်။ ကျေးဇူးတင်လို့နောက်
ထပ်လည်းရလာတယ်။ ကျေးဇူးတင်တယ်ဆိုတာ ရှိနေတာကို ၀မ်းသာတာလို့ လည်း ပြောလို့ရတယ်။ ၀မ်း
သာတတ်တဲ့သူကပိုရတယ်။ Saying thank you is more than good manners. It is good spirituality.
ကျေးဇူးတင်ပါတယ်လို့ ပြောတာဟာ ယဉ်ကျေးတဲ့အမူအရာ ဖြစ်ရုံမဟုတ်ပါဘူး။ အင်မတန်ကောင်းတဲ့ မြင့်
မြတ်တဲ့  အကျင့်လည်းဖြစ်ပါတယ်။

                                                                     မိုက်ခဲလေး

No comments:

Post a Comment