နာရီတလုံး
အချက်တိုင်းမှာ ရွေ့လျှားနေလား
ဒါမှမဟုတ် အချိန်တိုင်းမှာ တီးခေါက်နေလား
ဘယ်သူ့ကို အားကိုးလို့ ပြေးလွှားနေလဲ
စက္ကန့်နှင့်စက္ကန့်ပေါင်းရင် မိနစ်ဖြစ်နိုင်သလို
မိနစ်နှင့်မိနစ်ပေါင်းရင် နာရီတလုံးတည်ဆောက်လို့
ရနိုင်ပါတယ် တကယ်တမ်းကျတော့
မေတ္တာနှင့်သစ္စာ ပေါင်းရင်
အချစ်ဆိုတဲ့ ဘ၀ကိုတည်ဆောက်
လို့မရနိုင် ပါဘူး။
ဘာကြောင့်လဲဆိုတော့
လောကမှာကြားခံ ဒြပ်သား
ဆိုတာရှိတယ် အဲဒါဟာအရာအားလုံးကို
ပြီးပြည့်စုံအောင်လုပ် ပေးနိုင်တယ်
ဒါပေမဲ့ နေရာတိုင်းတော့မဟုတ်ဘူး
နေရာကန့်သတ်တော့ရှိတယ်
ဥပမာ ဆိုကျပါဆို့
အပြေးသမားတယောက်ပေါ့ဗျာ
သူဟာပြေးနေရင်း ရေကိုတောင်းတမယ်
ပြီးရင်ဆက်ပြေးမယ် ပြေးရင်းနဲ့လည်း
နားဦးမယ် လောကမှာလည်း
လူတွေဟာ အပြေးသမားတယောက်လိုပဲ
နာရီနဲ့စက္ကန့်နှင့်အမျှ လှုပ်ရှားသွားလာနေကျ
စမြဲပါပဲ အချိန်တန်တော့လည်း ဘဝ
တကွေ့မှာ ခရီးတထောင့်နားရဦးမှာပဲမဟုတ်လား
ဘာတွေများဒီလောက်တောင် အာဃာတတွေ
များနေကျတာလည်း မောင်ဒုက္ခတို့ရယ်........
ရေးသားသူ..မိုက်ခဲလေး
No comments:
Post a Comment