အော်ဘ၀တဲ့လား
စာလုံးကနှစ်လုံးထဲပါ
ရရစ်လည်းမပါ လုံးကြီးတင်လည်းမပါ
ဝက်ဆံနှစ်လုံးပေါက်လည်းမပါ
အောက်ကမြစ်လည်းမပါ
သဝေထိုးလည်းမပါပါလား
အထက်တွေလည်းမပါပဲနဲ့
ဘာကြောင့်တောင်ဒီလောက်
ခက်ခဲနက်နဲကျတာလည်း
ဖြတ်သန်းကြည့်တော့လည်း
အဓိပါယ်ရှိပါတယ်
ငှက်တကောင်လိုဖြတ်သန်းရင်းနဲ့
မောပန်းခါ၌ နားခိုစရာ
ချစ်သစ်ပင်ကိုရှာစမြဲပဲ
ဘ၀မှာလည်းခိုလုံစရာ
အရိပ်တော့ရှာရလိမ့်မယ်
မုန်တိုင်းသံတော့နားထောင်ကျပေါ့.....
မိုက်ခဲလေး
No comments:
Post a Comment