Pages

ဘ၀ဒဿန

The softest things in the world overcome the hardest things in the world.
( Lao tzu )

ကမ္ဘာပေါ်မှာ အနူးညံ့ဆုံးအရာတွေက ... ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံးအရာတွေကို အနိုင်ယူတယ်။

( လောက်ဇူ )

မိမိဘ၀ကို အမှန်အတိုင်း ရှုမြင် သုံးသပ်တတ်ရင် စိတ်ကူးမရင်တော့ဘူးပေါ့ ၊ စိတ်ကူးမယဉ်ဘူးဆိုတာနဲ့ အမှန်တရားနဲ့ နီးစပ်သွားပြီ ။

ဘ၀မှာ ကိုယ့်အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေ ၊ အဖြေတွေဟာ အမြင်ကလာတာမဟုတ်ဘူး၊ မိမိစိတ်နှလုံးက တိုက်ရိုက်ထိုးထွက်လာတာ ... ။

လောကကြီးမှာ သုခဆိုတာ တကယ်မရှိဘူး၊ ရှိနေတာက ဒုက္ခနဲ့ ဒုက္ခပြီးဆုံးခြင်းပဲ၊ ဒုက္ခ ပယ်ပယ်နယ်နယ် မရောက်ဘူးတဲ့လူဟာ သုခကိုလည်း အကျအနမရနိုင်ပါဘူး ... ။

ပြောမှသိရင်တော့ လူညံ့ ၊ ပြောတာတောင်မှ မသိရင်တော့ လူတုံး ... ။

ရူးတယ် ကောင်းတယ်ဆိုတာ အ၀တ်အစားကိုကြည့်ပြီးဆုံးဖြတ်လို့မရဘူး၊ အ၀တ်ကောင်း၊ အစားကောင်း သေသေသပ်သပ်ဝတ်ပြီးရူးနေတဲ့လူတွေလောကမှာအများကြီးပဲ ... ။

ကောင်းမြတ်တဲ့အစဉ်အလာကို ထူထောင်ချင်တဲ့သူဟာ ကောင်းသည်ထက်ကောင်းအောင် အမြဲကြိုးစားနေရတယ် ... ။

လမ်းကိုဖြောင့်ဖြောင့်လျှောက်ရင် ပန်းတိုင်ကိုမြန်မြန်ရောက်တာပါပဲ ... ။

သုခဖြစ်စေ၊ ဒုက္ခဖြစ်စေ အချိန်တန်ရင်တော့ပြီးသွားတဲ့အရာတွေပါ ... ။

ကိုယ့်အလုပ်ကိုလုပ်ပါ။ သူ့အလုပ်သူလုပ်လိမ့်မယ် ... ။

တီကောင်ကြိုက်တဲ့ငါးကို၊ ကိုယ်ကြိုက်တဲ့ပေါက်စီနဲ့သွားမျှားနေမလို့လား ... ။

ဘာကိစ္စပဲဖြစ်ဖြစ် အောင်မြင်ချင်ရင် '' အ '' လေးလုံးကိုဆောင်ပြီးချက်ချင်းလုပ်တတ်ရမယ်။ '' အ '' လေးလုံးဆိုတာက '' အခြေအနေနဲ့အချိန်အခါ '' ပဲ ... ။

ပညာရှိဆိုတာ ပြင်စရာရှိလို့ညာတာလား၊ ညာစရာရှိလို့ပြင်နေတာလား ... ။

ကန်ထဲကငါးကိုတမ်းတနေတာထက် သွားပြီးပိုက်ကွန်ချလိုက်တာကကောင်းပါတယ် ... ။

ကိုယ့်ကျေးဇူးကိုမေ့လိုက်၊ သူ့ကျေးဇူးကိုအမြဲသတိရနေပါစေ ... ။
မိုက်ခဲလေး

No comments:

Post a Comment