တဘက်သတ်ဆိုရင်
အတွေးတွေကို တောင်ပံလိုဖြန့်
၂၂၀၀ ခုနှစ်ဆီ ခရီးဆန့်လိုက်တယ်။
သက္ကရာဇ် အဝင်ဝမှာ
ကျနော်အဖမ်းခံလိုက်ရပါတယ်။
စိတ်ကြွဆေးလက်ဝယ်တွေ့ရှိမှုတဲ့
၂၀ ရာစု သမိုင်းစာအုပ်လေးတအုပ် သယ်သွားမိရုံနဲ့
ထွက်ပေါက်
ကိုယ့်ကိုယ်ကို လက်ခုပ်တီးလိုက်ပါတယ်။
တချက်အထိုးနှက် ခံရလိုက်တိုင်း
ငါ့အော်သံတွေ ပဲ့တင်အက်ကွဲ
ပြောစမ်း…ငါ့လောက်သဘာဝကျတာ ဘယ်သူရှိသေးလဲ။
ရေးသားသူ............မိုက်ခဲလေး
No comments:
Post a Comment