နှုတ်ဆက်ထွက်ခွါသွားသူနဲ့
လက်ပြကျန်ရစ်ခဲ့သူ
ဘယ်သူပိုဝမ်းနည်းရပါသလဲ
ထွက်ခွါသွားသူက ပိုသံယောဇဉ်ကြီးရင်
သူပိုဝမ်းနည်းရမှာပါ၊
ကျန်ရစ်ခဲ့သူက ပိုသံယောဇဉ်ကြီးရင်
သူပိုဝမ်းနည်းရမှာပါ၊
နှစ်ယောက်လုံးညီတူ သံယောဇဉ်ကြီးရင်တော့
နှစ်ယောက်လုံးညီတူ ၀မ်းနည်းရမှာပေါ့၊
လမ်းခွဲမှာ ၀မ်းနည်းစရာမလိုအောင်
သံယောဇဉ်နှောင်ကြိုးတွေကို
အတတ်နိုင်ဆုံး ဖြေလျှော့လိုက်ကြဆို့လားကွယ်။
သေချာလှမ်းနိုင်မဲ့ ....ဗေဒါပန်း
No comments:
Post a Comment