Pages

ကံ၏အကျိုးအကြောင်း

ကံတရားလေသင့်လို့ ဘ၀တစ်ခုမှာ ခေတ္တခဏ ပေါင်းဆုံခွင့်ရကြတယ်။ကံတရား လေပင့်လို့ တစ်ယောက်နဲ့တစ်ယောက် ဝေးလွင့် ခွဲခွာကြရတယ်။မြစ်ထဲမျောနေတဲ့ ဗေဒါပင် တွေလိုကံကြုံရင်ပြန်ဆုံကြ
မယ်၊ကံသေးရင်ပြန်ဝေးကြမယ်၊ကံရည်မတူဘဲ ပြန်ကြည်ဖြူချင်လို့မရသလို ကံမကောင်းဘဲ ပြန်ပေါင်းချင်နေလို့
လည်းအလကားပဲ သံသရာခရီးရှည်ကြီးကို တစ်ယောက်တည်းလျှောက်လှမ်းလို့ ရတာမဟုတ်တော့လည်း အပေါင်းအဖော် မိတ်ဆွေဆိုတာနဲ့ မလွဲမသွေ ဆုံစည်းကြရမှာပါပဲ၊တွေ့ခိုက်ဆုံခိုက် လက်တွဲခိုက်မှာ သံယော
ဇဉ်နှောင်ကြိုးမပါတဲ့ မေတ္တာစိတ်သန့်သန့်လေးနဲ့ သူ့တာဝန် ကိုယ့်တာဝန် ကျေပြွန်စွာချစ်ခင်ကြင်နာလိုက်ကြ
မယ်ဆိုရင် ဘ၀ခရီးဖော်တွေနဲ့ မလွဲမရှောင်သာ လမ်းခွဲကြရတဲ့အခါ ၀မ်းနည်းပူပန်နေစရာမလိုတော့ပါဘူး။

                                                                                            ဗေဒါပန်း

No comments:

Post a Comment