သတိတရ ရှိတဲ့ အခါ မျက်လုံးတွေကို
မှိတ်ထားလိုက်တယ်
စကားလုံးတွေ မရှိခဲ့ပါဘူး
နင်ပြောသမျှ ခေါင်းငုံ့ခံဖို့ ငါက အသင့်ပါ
တကယ်ဆို……..
နင်က အချစ်ငတ်သူ
ငါက ဘ၀ပျက်သူပေါ့
ငါသိပ်ချစ်တဲ့နင့်ကို
(တခါတရံ သတိရတဲ့အခါ)
ငါသိပ်ချစ်တဲ့ နင့်အကြင်နာတွေ
(တခါတရံ လိုအပ်တဲ့အခါ)
သတိရခြင်းတွေ မျိုသိပ်လို့
လွမ်းဆွတ်ခြင်းသက်သက်နဲ့
အဖော်ပြုနေခဲ့တဲ့သူပါ
ဗေဒါပန်း
No comments:
Post a Comment