"မိုးလ၀သန် လွန်မြောက်ပြန်က
ဟေမာန်ဆောင်းဦး နှင်းလေမြူးလို့
ချစ်ဦးသက်ညှာ ငါရင်မှာဖြင့်
ပိုကာလွမ်းရ တမ်းတမ်းတနှင
့် နွမ်းလျအသည်း သူမှာဖြင့်ပဲ
မသိလဲလွမ်း သိလည်းလွမ်းနဲ့
နွမ်းကြွေခြင်းသာ အဖေါ်ပါလား ချစ်သူရယ်........"
ဒီဇင်ဘာ မြူနှင်းတွေက ငါ့ရင်ကိုလာရိုက် လွမ်းဒဏ်ရာတွေက ရင်မှာပြည့်သိပ် ဘယ်သူမှမသိတဲ့ငါ့အချစ်တွေက နှလုံးသားထဲမှာတငွေ့ငွေ့နဲ့ပူလောင်ပြင်းထန်ရင် အလွမ်းတွေဆိုတာက ငါ့အတွက်တော့ အဖေါ်ပေါ့................
တမ်းတမ်းတတလွမ်းနေမိ၏......
ဗေဒါပန်း
No comments:
Post a Comment