သူငယ်ချင်းဆိုတာဘယ်လိုဟာမျိုးလဲသူငယ်ချင်းအပေါ်ဘယ်လိုသဘောထားရမလဲ။ငါအသေအချာသိအောင်
ပြောပြပါလားကွာ။ သူငယ်ချင်းဆိုတာ ကိုယ့်အကြောင်းသူသိသူ့အကြောင်းကိုယ်သိပြီးတစ်ဦးရဲ့ဘ၀ကိုတစ်ဦး
ကမျှဝေခံစား နားလည်းပေးတဲ့သူကို သူငယ်ချင်းလို့...ငါယူဆတယ်။ သူငယ်ချင်းလို့သတ်မှတ်လိုက်တာနဲ့ သူ့အပေါ်မှာသံသယမထားရဘူး။သူ့အကျိုးစီးပွါးကိုလိုလားရမယ်ကာကွယ်ရမယ်။ကွယ်ရာမှာမကောင်းမပြောရဘူး
မစော်ကားရဘူး၊ ရင်းနှင်းပွင့်လင်းစွာဆက်ဆံရမယ်၊ တစ်ကွက်ချန် ဟန်ဆောင်တာမျိုးမလုပ်ရဘူး၊ သူ့ရဲ့အား
နည်းချက်ချို့ယွင်းချက်တွေ့ရင်သည်းခံခွင့်လွှတ်ဝေဖန်ပြုပြင်ပေးရမယ်၊တော်ရုံကိစ္စလေးနဲ့အပြစ်တင်အပြစ်မြင်
ပြီး စိတ်နာကျင်သွားတာမျိုးမရှိသင့်ဘူး၊ အဲ့ဒီအချက်တွေကို နှလုံးသားက ခံစားနားလည်ပြီး ထာဝစဉ် ချစ်ခင်
သံယောဇဉ်ကြီးတဲ့သူကို သူငယ်ချင်းလို့ငါသတ်မှတ်တယ်၊ နင့်သူငယ်ချင်း အယူအဆကြီးကိုအငြင်းပွါးစရာမရှိ
ပါဘူး နင်ပြောသလို သူငယ်ချင်းဆိုတာ ဘယ်အချက်တွေရှိမှလို့ အသေအချာမသိပေမယ့် ငါ့နှလုံးသားက လက်ခံထားတဲ့ သူငယ်ချင်းဆိုတာရှိတယ်၊ အဲ့ဒီသူငယ်ချင်းက ယောကျာ်းလေးဆိုရင် ပတ်ဝန်းကျင်ဆိုတာ
ကိုဂရုမစိုက်ဘဲ ချစ်ချစ်ခင်ခင် ဆက်ဆံသင့်သလား၊ တကယ်လို့.. ရည်မှန်းထားတဲ့သူ ချစ်တဲ့သူရှိပြီဆိုရင်
ကော..အဲဒီသူငယ်ချင်းကို ခါတိုင်းလိုရင်းရင်းနှီးနှီး ဆက်ဆံသင့်သလား၊
ယောကျာ်းလေးပြော....
သူငယ်ချင်းရှိတာ ဘာဆန်းတာမှတ်လို့ သူငယ်ချင်းကိုသူငယ်ချင်းလို့ စိတ်ရှင်းရှင်းနဲ့ ပွင့်ပွင့်
လင်းလင်းဆက်ဆံရင် ပတ်ဝန်းကျင်အမြင်စောင်းစရာဘာမှမရှိပါဘူး၊ အဲ့သူငယ်ချင်းမဟုတ် ရည်းစားမဟုတ်
အူကြောင်ကျားဆိုရင်တော့ ထာဝစဉ်ခင်မင်တာဆိုပြီး ဘာညာဘာညာနဲ့အကြာကြီးညာလို့မရဘူး၊ နင့်မှာ
ရည်မှန်းထားတဲ့သူ ရှိပြီဆိုရင်တော့ စိတ်ရှင်းတဲ့သူငယ်ချင်းမျိုးက ပြဿနာမရှိနိုင်ဘူးလို့ငါထင်တယ်၊ အူ
ကြောင်ကျားသူငယ်ချင်းသာပြဿနာ နင့်မှာချစ်သူရည်ရွယ်သူရှိပြီးမှတော့ အဲ့ဒီလိုအူကြောင်ကျား သူငယ်
ချင်းမျိုးထားသင့်သလား နင့်ကိုယ်နင်ရဲရဲမေးကြည့်၊
မိန်းကလးပြော....
သူငယ်ချင်းဆိုတာဘာလဲလို့သိပြီးတော့ မိတ်ဆွေဆိုတာဘာလဲလို့သိချင်ပြန်တယ်၊ မိတ်ဆွေနဲ့သူငယ်ချင်းဆို
တာရော ဘာကွာလဲ နင်သိသမျှ အကုန်ပြောဟာနင်ကငါ့ရဲ့ဆရာကြီးပဲ၊
ယောကျာ်းလေးပြာ
နင်သိချင်တာရိုးရိုးမေးပါဟ ဆရာကြီးဆိုပြီးမြှောက်ပင့်မနေစမ်းပါနဲ့၊ ငါ့အထင်တော့သူငယ်ချင်းဆိုတာ ရင်
တွင်းဖြစ်ဖန်တီးယူတာမဟုတ်ဘူး၊ ငယ်ရွယ်စဉ်မှာပဲရနိုင်တယ်ထင်တယ်၊ ကျောင်းနေစဉ်လူငယ်ဘ၀မှာသာ
သူငယ်ချင်းဆိုတာရှိခဲ့တာပါဟာ၊ ကြီးပြီးလို့တွေ့ကြတော့မိတ်ဆွေတွေပေါ့၊ စီးပွါးရေး လူမှုရေး နယ်ပယ်မှာ
မိတ်ဆွေကြွယ်ဝဖို့လိုတယ် မိတ်ဆွေကောင်းရဖို့အရေးကြီးတယ် မိတ်ဆွေကောင်းဆိုတာလည်း သူငယ်ချင်း
ကောင်းနဲ့အတူတူပါပဲ၊ ဘ၀မှာတန်ဖိုးထားအပ်တဲ့ အရာတွေဖြစ်တယ်၊ အဲ့ဒီအချိန်မှာ သူငယ်ချင်းဆိုတာရှား
သွားပြီး ရှားပါးတဲ့ပစ္စည်းမျိုးကို တန်ဖိုးထားရတယ်ဆိုတာ နင်သိတယ်နော်၊ ......................
နင့်အလှည့်ပြီးတော့ငါ့အလှည့် ငါမေးတာနင်မှန်အောင်ဖြေ မညာနဲ့နော် နင်နဲ့ရည်းစားမဖြစ်တဖြစ် ယော
ကျာ်းလေးတစ်ယောက်ကို နင့်အရင်းနှီးဆုံးသူငယ်ချင်းကကြိတ်ပြီးကြိုက်နေတာကို နင်သိလိုက်ရတဲ့အခါ
နင်ဘယ်လိုခံစားရမလဲ တကယ်လို့နင့်သူငယ်ချင်းက သူနဲ့ရင်းနှီးအောင်လုပ်ပေးပါလို့အကူအညီ တောင်း
လာရင်ကောနင်ကူညီမှာလား၊
မိန်းကလေး
နင့်မေးခွန်းက ဖြေလို့မကောင်းတဲ့မေးခွန်းကြီးပါဟာ ဒါပေမဲ့နင်မေးမှတော့ငါဖြေရမှာပေါ့ ငါနဲ့ရည်းစားမဖြစ်
တဖြစ်ယောကျာ်းလေးကိုမှ ငါ့သူငယ်ချင်းကကြိုက်နေမှန်းသိရင်တော့ ပြတ်ပြတ်သားသားဖြစ်အောင်ငါလုပ်
ပေးရမယ်၊ ငါနဲ့သူနဲ့ရည်းစားဖြစ်လောက်အောင် ချစ်ကြိုက်နေပြီးလား ငါကလည်းကြိုက်နေပြီးလား သူက
လည်းငါ့အပေါ်တကယ်တန်ဖိုးထား နှစ်သက်မြတ်နိုးချစ်ခင်နေပြီးလား၊ အဲ့ဒီလိုနှစ်ယောက်စလုံး သေချာရင်
တော့ သူငယ်ချင်းကိုအခြေနေမှန်ဖွင့်ပြောပြီး သူ့ဆန္ဒအတိုင်းဆုံးဖြတ်စေမယ်၊ သူငယ်ချင်းက ရင်းနှီးခင်မင်
ချင်တယ်ဆိုလည်းဘာခက်တာမှတ်လို့ တွေ့ဆုံပေးလိုက်မယ်လေ ငါ့ထက်သာလို့သူ့ကိုပြောင်းချစ်သွားလည်း
ဝမ်းမနည်းပါဘူး ယူပါစေ ရပါစေ ယောကျာ်းတစ်ယောက်အတွက်နဲ့တော့ ဘ၀တူမိန်းမအချင်းချင်းရန်မဖြစ်
ချင်ပါဘူး။
ဆက်ရန်ရှိသေး၏မရေးဖြစ်သေးလို့ပါ
No comments:
Post a Comment