Pages

စိတ်ချမ်းသာမှုဟာ အကောင်းဆုံးအရာ

သမိုင်းတလျှောက်လုံးမှာ ပညာရှင်တွေဟာ စိတ်ချမ်းသာမှုကိုအကောင်းဆုံးအရာလို့ ယူဆကြတယ်။ လူတွေ
လုပ်တာမှန်သမျှဟာ စိတ်ချမ်းသာချင်လို့ လုပ်တာလို့ဆိုကြတယ်။  ဟုတ်သလား။ စိတ်ဆင်းရဲချင်လို့ လုပ်တာ
ရှိသလား။ မကြားဖူးဘူးနော်။ အင်္ဂလိပ်စကားမှာ Happy, Glad, Cheerful, Joyful, Joyous ဆိုပြီးခံစားမှု အ
တိမ်အနက် အလေးအပေါ့ကို လိုက်ပြီးသုံးပါတယ်။ မြန်မာစကားမှာလည်း အမျိုးမျိုးသုံးတာ ရှိပါတယ်။ ၀မ်းသာ
တယ် ပျော်တယ် ၀မ်းမြောက်တယ် ရွှင်လန်းတယ် ပီတိဖြစ်တယ် ကျေနပ်တယ် အားရတယ် အူမြုးတယ်။ အေး
အေးဆေးဆေးပျော်တာ ရှိသလို ထခုန်ပြီး ပျော်တာ လည်းရှိပါတယ်။ စိတ်ချမ်းသာမှုကိုရအောင်လုပ်နည်း
တစ်ယောက်နဲ့တစ်ယောက် မတူပေမယ့် တစ်ယောက်ရဲ့စိတ်ချမ်းသာမှုဟာ နောက်တစ်ယောက်ရဲ့ စိတ်ချမ်း
သာမှုနဲ့သဘော သဘာဝချင်း သိပ်မကွာလှပါဘူး။ စိတ်ချမ်းသာမှုလို့ပြောလိုက်ရင် ဘာကိုဆိုလိုတယ်ဆိုတာ
နားလည်ကြပါတယ်။ ကိုယ့်ဘ၀ကို ငါ့ဘ၀ဟာ ကျေနပ်စရာ ကောင်းပါတယ် လို့ပြောနိုင်ရင် စိတ်ချမ်းသာနေ
တယ်လို့ဆိုရမယ်။ တချို့ပညာရှင်တွေက အလုပ်မှာ စိတ်ချမ်းသာမှုနဲ့ အိမ်မှာ မိသားစုစိတ်ချမ်းသာမှု ဆိုပြီး
ခွဲခြားပြီးပြောတယ်။ ဒါ သိပ်သဘာဝကျပါတယ်။ တချို့ အိမ်မှာ စိတ်ချမ်းသာတယ်။ အလုပ်မှာ စိတ်မချမ်းသာ
ဘူး။ တချို့ အလုပ်မှာ စိတ်ချမ်းသာတယ်။  အိမ်မှာ စိတ်မချမ်းသာဘူး။ တချို့ အိမ်မှာ လည်းစိတ်မချမ်းသာဘူး
အလုပ်မှာလည်းစိတ်မချမ်းသာဘူး။ အဲဒါအဆိုးဆုံး။ တချို့ အိမ်မှာလည်းစိတ်ချမ်းသာတယ်။ အလုပ်မှာလည်း
စိတ်ချမ်းသာတယ်။ အဲဒါအကောင်းဆုံး။ စိတ်ချမ်းသာနေလား မချမ်းသာဘူးလား ဆိုတာ ကိုယ့်ဟာကိုယ် သိ
ပါတယ်။ ဘယ်သူ့ကိုမှ မေးနေဖို့မလိုပါဘူး။ ကိုယ့်ဟာကိုယ် စိတ်ချမ်းသာနေသလား မချမ်းသာဘူးလား ဆို
တာကို သူများကို မေးရအုံးမယ်ဆိုရင် ကိုယ့်အခြေအနေဟာ သိပ်မကောင်းတော့ဘူးလို့် ဆိုရမယ်။
                                                                                    မိုက်ခဲရဲ့ဒိုင်ယာရီ

No comments:

Post a Comment