Pages

လမင်းရဲ့ ကဗျာ

ကျနော် ချစ်တယ်
အဖေ အမေ
အိမ်ဘေးနားက သူငယ်ချင်းတွေ
ကျနော် သွားချင်တယ်
အဖေတို့ အမေတို့ ပြောတဲ့ရွာ
ကျနော် သိချင်တယ်
အဖေတို့ ဘာသာစကား စာပေ
ယဉ်ကျေးမှု အနုပညာ
နိုင်ငံတွေ မြေယာတွေ
ကျွဲတွေ နွားတွေ မြင်းတွေ
သီချင်းတွေ ကဗျာတွေ ပွဲတော်တွေအကြောင်း
အဖေပြေရင်း အမေက
ဝမ်းနည်းငိုကြွေးတယ်။
ကျနော် နားမလည်ဘူး
ကျနော် မမေးချင်ဘူး
အဖေရာ အမေရော
ကျနော်ရော
တူတူ ငိုရမှာစိုးတယ်
တနေ့
အမေပြောပြတယ်
သားမှာ အနာဂတ်ရှိတယ်
အမေ့မှာ သားရှိတယ်
သားအဖေမှာလွတ်လပ်ခွင့်ရှိတယ်တဲ့
ကျနော်
ကောင်းကင်က
လမင်းကို ကဗျာတွေရွတ်ပြချင်တယ်
တိုင်းနိုင်ငံမဲ့သူတွေရဲ့ ကြေကွဲမှုမှာ
လရောင်စွန်းနေတယ်............။

မိုက်ခဲလေး

No comments:

Post a Comment