လောကကြီးကိုပိုကောင်းအောင် လုပ်ချင်တယ်ဆိုရင် လူတွေကိုစိတ်ချမ်းသာအောင်နေနည်း သင်ပေးတာဟာ အကောင်းဆုံးပဲ။ အားလုံးဟာဆက်စပ်နေတယ်။ ကိုယ်နဲ့နီးစပ်တဲ့သူတွေကို စိတ်ချမ်းချမ်းသာသာ နေတတ်
အောင်သင်ပေးနိုင်ရင်မိသားစုအဆင်ပြေမယ်။ တစ်နိုင်ငံလုံးအဆင်ပြေမယ်။ မိသားစုတွေမှာတစ်ယောက်ရဲ့စိတ်
ချမ်းသာမှုဟာ နောက်တစ်ယောက်ကို ကူးစက်တယ်။ တစ်ယောက်ရဲ့စိတ်ဆင်းရဲမှုဟာလည်း နောက်တစ်
ယောက်ကို ကူးစက်တယ်။ မိသားစုတွေဟာ တစ်ယောက်ရဲ့ဘ၀နဲ့ နောက်တစ်ယောက်ရဲ့ဘ၀ ဆက်စပ်နေ
တယ်။ ကိုယ့်ဘ၀ကို ကိုယ့်တစ်ယောက်ထဲ သီခြားနေလို့ မရဘူး။ ဒါကြောင့် ကိုယ်ချစ်တဲ့သူတွေကို စိတ်ချမ်းသာ
အောင် အထောက်အကူ ပေးတာထက် ပိုကောင်းတဲ့လက်ဆောင် ဘာရှိမလဲ။ မရှိတော့ဘူး။ ကိုယ့်ကိုချစ်တဲ့သူ
ဆီက စိတ်ချမ်းသာမှုထက် ပိုကောင်းတဲ့လက်ဆောင် ဘာကောင်းမလဲ။ ဒါကြောင့်ကိုယ့်ဟာကိုယ်လည်း စိတ်
ချမ်းသာအောင်နေပြီး ကိုယ့်မိသားစုကိုလည်း စိတ်ချမ်းသာအောင် အထောက်အကူပေးတာဟာ ကိုယ့်ဘ၀မှာ
အရေးကြီးဆုံး လုပ်သင့်တဲ့ကိစ္စပဲ။ ဒီအချက်ကို နားလည်ဖို့အရေးကြီးတယ်။ သို့မဟုတ်ရင် ပစ္စည်းတွေ ငွေ
တွေနဲ့ တခြားဟာတွေ ပေးပြီး စိတ်ချမ်းသာမှုကိုတော့ ပေးဖို့မေ့နေလိမ့်မယ်။ သားသမီးတွေကို ချစ်တယ်
ဆိုရင် ကိုယ်ကျင့်တရားကောင်းအောင်သင်ပါ။ ကိုယ့်အတွက်ကော သူတစ်ပါးအတွက်ပါ ကောင်းတာတွေ
လုပ်ဖို့သင်ပါ။ ပညာတတ်အောင်သင်ပါ။ အားပေးပါ။ ဒါပေမဲ့သူတို့ကို စိတ်ချမ်းချမ်းသာသာနေတတ်ဖို့မသင်
ရင် အရေးကြီးဆုံးအရာကို မသင်ပေးရာ ရောက်လိမ့်မယ်။
မိုက်ခဲ
No comments:
Post a Comment