Pages

စိတ်ကူးယဉ်အိမ်မက်

ညို့သောအကြည့်
လှသောအပြုံး
ရီဝေသောမျက်လုံးတစုံ
ရွှန်းလဲ့တောက်ပနေသော
မင်းရဲ့မျက်ဝန်း
အကြိမ်ကြိမ်အခါခါငေးကြည့်မိတယ်
တွဲရာမဲ့နေတဲ့ကိုယ့်ရဲ့ဘဝ
ခိုလုံရာမရှိသောတိမ်တွေဆီကိုလွင့်မျောမိတယ်
ညမှောင်အချိန်လရောင်တွေကလင်းလို့
ပျောက်ပျောက်သွားတဲ့လမိုက်
သံခေါင်ယံညဥ့်နက် ပျောက်လုပျောက်စ
မလင်းတလင်း မိုးသောက်ယံကို
ရောက်နှင့်ပြီးလား
အော်ဘယ်တွေလွင့်မျှောနေလဲမသိပါလား
ငါ့ရဲ့ဘဝ
စိတ်ကူးအိမ်မက်လေးပါလား............

                  ရေးသားသူ......မိုက်ခဲလေး

No comments:

Post a Comment