Pages

နှလုံးသားချင်းတော့နီးစပ်ချင်တယ်

နီးစပ်ဖို့ စောင့်စားနေတာ
(၃)နှစ်ပြည့်ပြီ
အခြေအနေကမထူးခြားသေးဘူး
ချစ်လျှက်နဲ့ဝေး....
ဆုံနိုင်ခွင့်မရှိသေးတဲ့
ငါတို့နေ့ရက်တွေမှာ
ဝေးသော်လည်းသွေးမအေးနဲ့
ချစ်နေပါချစ်သူ
နင့်နောက်ကွယ်မှာခြေမများခဲ့တာ
အရှင်းယုံပေးပါ
နင့်တယောက်တည်းကိုပဲချစ်နေတာပါ
ဘယ်သူမှမသိတဲ့
တွေ့ဆုံချင်းကတော့
သတိရခြင်းပဲပေါ့
အချစ်ရယ်
သိပ်သတိရတိုင်း
အမှတ်တရ
နင်ပေးခဲ့တဲ့ တစ်ရှူး
ထုတ်ကြည့်ရင်းနမ်းရှိုက်
နီးဖို့ကဘယ်အထိ
ဝေးရဦးမှာလည်း
မမျှော်မှန်းတတ်တော့ဘူး
ဘာဖြစ်ဖြစ်
လူချင်းဝေးနေလည်း
နှလုံးသားချင်းတော့ နီးစပ်ချင်တယ်........

မိုက်ခဲလေး

No comments:

Post a Comment