Pages

၉ လေးလုံး ဆရာတော် ဦးနေမိန္ဒ ပျံလွန်တော်မူ

 

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ)။        ။ မွန်ပြည်နယ် မော်လမြိုင်ထောင်၌ ပြစ်ဒဏ် နှစ် ၂ဝ ကျနေသည့် နိုင်ငံရေး လှုပ်ရှားသူ အရှင်နေမိန္ဒ (ခ) ဦးမျိုးမင်း (ခ) ဦးနေဝင်းသည် အနာရောဂါ စွဲကပ်ရာမှ ယခုလ ၈ ရက်နေ့တွင် ပျံလွန်တော်မူကြောင်း ဒကာ၊ ဒါယိကာမ အသိုင်းအဝိုင်းက ဆိုသည်။

သက်တော် ၅ဝ နှစ်၊ ဝါတော် နှစ် ၃ဝ ရှိ ဆရာတော် အရှင်နေမိန္ဒသည် ၉ လေးလုံး (၉ ရက် ၉ လ ၁၉၉၉ ခုနှစ်) တွင် လူထုလှုပ်ရှားမှု ပေါ်ပေါက်စေရန် လှုံ့ဆော်စာ ဖြန့်ဝေမှုဖြင့် ဖမ်းဆီးခံရကာ ပြစ်ဒဏ်ကျခဲ့ခြင်း ဖြစ်သည်။

“ပါးစပ်ထဲမှာ အဖုအပိန့်တွေ ပေါက်နေတော့ ဆွမ်းမစားနိုင်ဘူး။ ရေလည်း မသောက်ဘူးလို့ သိရပါတယ်။ အဲဒါကို ထောင်အာဏာပိုင်တွေက ဆေးဝါးကုသမှု မပေးခဲ့ဘူး။ ထောင်ကျနေတဲ့ ဆရာတော်အနေနဲ့ မိသားစုဝင်တွေက ထောင်ဝင်စာတွေ့ဖို့ အခက်အခဲတွေ ရှိခဲ့တယ်” ဟု ဆရာတော်ကို ကြည်ညိုလေးစားသူ
ဒါယိကာမ တဦးက မဇ္ဈိမကို ပြောသည်။

ဆရာတော်သည် ၁၉၉၉ ခုနှစ် နှောင်းပိုင်းတွင် အဖမ်းခံခဲ့ရပြီး လဝက အရေးပေါ် ပြဋ္ဌာန်းမှု ပုဒ်မ ၁၇ (၁) ၊ အရေးပေါ် စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ည) တို့ဖြင့် ပြစ်ဒဏ်ကျခဲ့သည်။ ၂ဝဝဝ ခုနှစ် နှစ်ဆန်းပိုင်းတွင် အင်းစိန်ထောင်မှ မော်လမြိုင်ထောင်သို့ ပြောင်းရွှေ့ခံရသည်။

အကျဉ်းသားများ၏ ရပိုင်ခွင့်များကို ဆရာတော်သည် မော်လမြိုင်ထောင်ထဲတွင် ဦးဆောင်တိုက်ပွဲ ဝင်ခဲ့သည်ဟု ယင်းထောင်အတွင် ၇ နှစ်ခန့် အတူနေခဲ့ဖူးသူ ကဗျာဆရာ ငြိမ်းသစ်က ပြောသည်။

ဆရာတော်၏ ရုပ်ကလာပ်ကိုမူ ယခုလ ၉ ရက်နေ့တွင် မီးသင်္ဂြိုဟ်ခဲ့ပြီး ဖြစ်သည်။

No comments:

Post a Comment