ဒီထက်ပိုကောင်းတဲ့အချစ် ရှိနိုင်သေးတယ်လို့ မထင်လိုက်ပါနဲ့
အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်ကအကောင်းဆုံးပါ
အသက်ငယ်သေးတယ် နောက်ကျမှအိမ်ထောင်ပြုလည်းရတယ်လို့ မထင်လိုက်ပါနဲ့
အချစ်က အသက်အရွယ်ကိုစောင့်လိမ့်မှာမဟုတ်ဘူး
အကွာအဝေးကြောင့် အချစ်ကို လက်လွတ်ဖို့ မကြိုးစားပါနဲ့
အချစ်က ကိုယ်နဲ့အတူ ရထား လေယာဉ်စီးလို့ရပါတယ်
ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွတ်လိုက်ပါနဲ့
အသုံးမကျတဲ့လူကလွဲလို့ လုံ့လ၀ီရိယရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်
တစ်သက်မှာ တစ်ယောက်တည်းချစ်တာက အကောင်းဆုံးဖြစ်တယ်
ချစ်တာများပြီး ခံစားချက် အတွေ့အကြုံများရင် ထုံကျင်သွားတက်တယ်
လမ်းခွဲကြိမ်များရင် ကျင့်သားရသွားတက်တယ်
ချစ်တာများရင်နှိုင်းယှဉ်မှုတွေများသွားတက်တယ်
နောက်ဆုံးမှာ အချစ်ကို အယုံအကြည်မဲ့သွားတက်တယ်
အချစ်က၀မ်းနည်းစရာကောင်းတဲ့ဒဏ္ဍရီပုံပြင်တစ်ပုဒ်ဖြစ်ကောင်းဖြစ်မယ်
ကိုယ့်ကိုချစ်တဲ့ လူတစ်ယောက်ကို စွန့်ရတာ သိပ်မနာကျင်ပေမဲ့ကိုယ်ချစ်တဲ့လူတစ်ယောက်ကို စွန့်ရတာ
လောက်နာကျင်တာမရှိပါဘူး။ ကံအကြောင်းပါခဲ့ရင် အချိန် နေရာ ဆိုတာအကွာအဝေးမဟုတ်ပါဘူး၊ ကံအ
ကြောင်းမပါခဲ့ရင် အတူဆုံမိလည်း တစ်ယောက်ကိုတစ်ယောက် မနှစ်လိုတတ်ကြဘူး
အချစ်ကို ကျေကျေနပ်နပ်ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး
အချစ်ကို အတွေ့အကြုံတစ်မျိုးလို့ မှတ်ယူခဲ့ရင် အသည်းကွဲချန် ချိုမြိန်တာကိုခံစားမိမယ်
အချစ်ကိုဖြတ်သန်းမှုတစ်ခုလို့ မှတ်ယူခဲ့ရင် လဲပြိုချိန်လှပတယ်လို့ခံစားမိမယ်
အထီးကျန်စိတ်လေလို့ လူတစ်ယောက်ကိုမှားချစ်မိတာမျိုး မဖြစ်စေပါနွှဲ
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်..................
ရေးသားသူ..........မိုက်ခဲလေး
No comments:
Post a Comment