Pages

အိမ်မက်ထဲကမျက်လုံးလေးတစ်စုံ

တွေ့ချင်သော်လည်း
မတွေ့ဖြစ်ခဲ့ မထင်မှတ်တဲ့
အချိန် မထင်မှတ်တဲ့
နေရာ မေ့ပျောက်လို့
မရတဲ့ မင်းရဲ့မျက်ဝန်းတစ်စုံ
မင်းနဲ့တွေ့ရှိပြီးနောက်
ရိုးရိုးလေးပဲ ပြောပြမယ်
ချစ်ခွင့်ပြုပါ ကလေးရယ်
ဒါပေမဲ့ ဒီလိုချိန်လေးတွေဟာ
ခဏတာကုန်ဆုံးသွားပေမဲ့
စွဲလန်းမိခဲ့တယ်
ကိုယ့်အိမ်မက်တွေဟာ
မေ့ဖြစ်ဖို့ခက်တယ်
ကိုယ့်စိတ်ထဲမှာတခုတခု
ဖြစ်ခဲ့တယ် မင်းနဲ့တွေ့ပြီး
ဆွေးနွေးချင်တယ်
ဘာကြောင့်လဲဆိုတော့
အိမ်မက်ထဲကမျက်လုံးလေးတစ်စုံဟာမင်းဖြစ်နေတယ်.......

                            ရေးသားသူ.......မိုက်ခဲလေး

No comments:

Post a Comment