Pages

မောင့်ဘ၀လေလွှင့်ချင်း

ကိုယ့်ဘ၀က
လေနှင်ရာလွင့်နေတဲ့
သစ်ရွက်တစ်ရွက်လို
ရေစီးရာမျှောနေတဲ့
ဗေဒါပင်တွေလို
ရွက်တိုင်မရှိဘဲလွှင့်နေတဲ့
လှေတစ်ဆင်းလို
ကမ်းနားသစ်ပင်သကဲ့သို့
ရေစီးရာမျှော
ရေဆုံရာပေါက်
ကြွေလွှင့်ရာရောက်
ကျတဲ့နေရာပေါက်
သစ်ရွက်ခြောက်လို
ရွက်ကျပင်ပေါက်ရတဲ့ဘ၀ပေါ့
မင်းနဲ့တော့ကွာခြားလိမ့်မယ်ချစ်သူရယ်........

ရေးသားသူ.......မိုက်ခဲလေး

No comments:

Post a Comment