အလှဆိုသည်မှာ သဘာဝကပေးသော နှလုံးသားဧ။် ခံစားမှုဖြစ်သည်ဟုထင်သည်။ ချောတာကိုတော့ ပြင်ပြီးလုပ်ယူ၍ရသည်ဟုထင်သည်။ ထို့အတူ အချစ်ဆိုသည်မှာ နှလုံးသားက မွေးဖွားလာသော သဘာဝပင်ဖြစ်သည်။ သဘာဝကို လုပ်ယူလိုမရသလို အချစ်ကိုလည်း အတင်းဖန်တီးယူလို.မရဟုထင်သည်။ ကြိုက်သည်ဟုဆိုသည်မှာလည်း လုပ်ယူ၍ရသည်ဟုထင်သည်။ ပြီးတော့ တဏှာနည်းနည်းပါသည်ဟုလည်းထင်သည်။အချစ်လောက်လေးနက်မှုမရှိ။ ယနေ့ခေတ်တွင် အချစ်နှင့် အလှကို ရှာသူများသည် အရေးနိမ့်နေသည့် အနေအထားတွင်ရှိပြီး အပေါအစားအချစ်တွေများနေသည်ဟုထင်သည်။ နောက် အချစ် နှင့် အကြိုက်၊ အချောနှင့် အလှ ကို ခွဲခြားသိမြင်နေသော်လည်း လူတော်တော်များများသည် နှလုံးသားမှ အလှကိုချစ်နေသလို တစ်ဖက်မှာလည်း ပြင်၍ချောနေသူများကိုလည်း ကြိုက်မိနေပြန်သေးသည်။
မိုက်ခဲလေး
No comments:
Post a Comment