Pages

အသက်ရှုမမှန်သော သစ်ဆွေးတုံး


လေလွင့်စိတ်ကြောင့် စိတ်လေလွင့်နေတယ်
လေမတိုက်ပဲ လှုပ်ခတ်၊ မိုးမရွာဘဲ ဆွံ့ ပျံ့ 
အတိတ်ရနံ့ နဲ့အနမ်းတွေ လမင်းပေါ်မှာတွဲလဲခို
ကြယ်ကလေးပြောတဲ့ ပုံပြင်တွေက ငါ့ အကြောင်းတွေ
အခုတော့ ရာသီလဲဟောင်း နင်းလည်းပြောင်းလဲခဲ့ပြီပေါ့ ...........။

ငါသိတဲ့ နင်ဟာ တကယ်တော့ နင်မသိတဲ့ ငါပါ
အခုငါ... သစ်ဆွေးတုံးထဲမယ်၊ဆွေးဆွေးမြေ့ မြေ့အသားစတွေနဲ့ 
နှလုံးသားပုံထုဆစ် ၊ အချိန်တန်တော့လဲ ပြိုလဲသွားမှာပါ
သိတဲ့အကြောင်းအရာတွေ မသိခြင်းနဲ့ တွေ့ မှ
အာရုံကြောတွေထဲမှာ ရှက်ရွံ့နေ..........။

သူပြန်လာမှာပါ
ဒါနဲ့ ဆို အသက်ရှူကျပ်တာ သုံးရက်ရှိပြီ
သူများဘ၀တွေလို ငါဟာ ' တစ် ' ကမစခဲ့ရဘူး
နင်ပြောသလိုပေါ့ ငါဟာအောက်သက်မကျေတဲ့လူ
နှလုံးသားလဲ ခပ်ယဲ့ယဲ့ပဲကျန်တော့တယ်

လေယူရာယိမ်းဝါဒီတဲ့လား
ခပ်ပြင်းပြင်းရိုက်ချက်နဲ့ အတူ နင်တခြားရင်ခွင်ဆီ
စက်ပိတ်ထားပါသဖြင့် ဒီအသံဟာ နားဝင်အဆိုးဆုံး
ဘာမှမကြားချင်ဘူး ၊လေယူရာလည်းမယိမ်းနိုင်ဘူး
အားလုံးကို ပုန်းရှောင်နေမယ်
ဒါကြောင့် အခုငါ .. သစ်ဆွေးတုံးထဲမယ်လေ

နင်ဖုန်းလဲ BUSY ဖြစ်နေခဲ့တာကြာပြီ
ရက်လို လကစား၊လကို နှစ်ကစားပြန်တော့
သစ်တွေလည်း ဆွေးမြေ့ရိတွဲကျလို့
သစ်ဆွေးတုံးထဲက အဆွးသမားကြီးဟာ မထူးဆန်းပါဘူး
နင်ပြန်လာနိုင်ပါ့မလား....။
ဒါနဲ့ဆို ငါအသက်ရှုကျပ်တာ သုံးနှစ်ရှိပြီလေ......။

မိုက်ခဲလေး

No comments:

Post a Comment