Pages

ချစ်သူမသိတဲ့ငါ

အော်ချစ်သူ ငါဟာအချစ်ကို
တပူတစာနဲ့တောင်းတခဲ့တဲ့သူပါ
မင်းကဘယ်လိုနှလုံးသားနဲ့
ဥပေက္ခာပြုခဲ့တာလဲ
မင်းနဲ့စကားမပြောဖြစ်တဲ့နေ့တွေမှာ
ငါ့ရဲ့အသက်ဝိညဉ်သက်မဲ့နေခဲ့တယ်
ဘယ်အရာနဲ့မှမတူအောင်လည်း
မင်းကိုချစ်မိခဲ့တာမင်းမသိပဲမနေပါဘူး
မင်းကိုတချို့ကိစ္စလေးတွေ ပေးမသိခဲ့တာ
သံသယတွေပွါးများနေတာလား
ဒါပေမဲ့မင်းဘက်ကစိတ်ပျက်လို့
ကျောခိုင်းသွားမှာဆိုးရိမ်လို့ပါချစ်သူ
မင်းကထွက်သွား မယ်ဆိုရင်
အရာရာကိုပေးဆပ်ရတော့မှာပေါ့
ပေးဆပ်ချင်းနဲ့ပဲအိပ်စက်တော့မယ်.......

                                  မိုက်ခဲလေး

No comments:

Post a Comment